အမေရိကန်အဆိုတော် မာ့ခ် အန်သိုနီ၏ ဇိမ်ခံ အပျော်စီးသင်္ဘော မီးလောင် နစ်မြုပ်

အမေရိကန်အဆိုတော် မာ့ခ် အန်သိုနီ၏ ဇိမ်ခံ အပျော်စီးသင်္ဘော မီးလောင် နစ်မြုပ်

ဒီဇင်ဘာ ၂၀ ။            ။ အမေရိကန် နာမည်ကျော် အဆိုတော် မာ့ခ် အန်သိုနီ ပိုင်ဆိုင်သည့် ဇိမ်ခံ အပျော်စီးသင်္ဘောတစ်စင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက မိုင်ယာမီ ပင်လယ်အော်တွင် မီးလောင်ပြီး ပျက်စီးသွားခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

မီးလောင်မှု ဖြစ်ပွားချိန် မီးသတ်သမားများသည် နှစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ကြသော်လည်း အလျား ၃၆ ဒသမ ၅ မီတာ ရှိ သင်္ဘောမှာမူ မီးလောင်ပျက်စီးပြီး တစိတ်တစ်ပိုင်း နစ်မြုပ်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ရွက်သင်္ဘော မီးလောင်မှုဖြစ်ချိန် ယင်းသင်္ဘောပေါ်တွင် အမှုထမ်း နှစ်ဦး ရှိနေခဲ့သည်ဟု သိရပြီး ၎င်းတို့နှစ်ဦးသည် ဘေးကင်းစွာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု သိရသည်။

မာ့ခ် အန်သိုနီ ပိုင် သင်္ဘော မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေး အရာရှိများက စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသည်။

သင်္ဘော မီးလောင်မှုက အနီးအနားရှိ အခြားသင်္ဘောများထံ ကူးစက်ခဲ့ခြင်း မရှိဟုလည်း သိရသည်။

Celebrity ဝက်ဆိုဒ်တစ်ခုဖြစ်သည့် TMZ ၏ ထုတ်ပြန်ချက်အရ အဆိုပါ ဇိမ်ခံသင်္ဘောသည် ဒေါ်လာ ၇ သန်း တန်ကြေးရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly