ဖိုးသော်၏ ၂၀၁၉ အမှတ်တရ ဖြစ်ရပ်များနှင့် ၂၀၂၀ ရည်မှန်းချက်

ဖိုးသော်၏ ၂၀၁၉ အမှတ်တရ ဖြစ်ရပ်များနှင့် ၂၀၂၀ ရည်မှန်းချက်

မြန်မာနိုင်ငံသည် ကိုယ်ခံပညာရပ်နှင့်ပတ်သက်လျှင် သမိုင်းကြောင်းကောင်းခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။ ရိုးရာလက်ဝှေ့သည် လွန်ခဲ့ သည့် ရာစုနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်လာသော မြန်မာတို့၏ ခက်ခဲနက်နဲသည့် ကိုယ်ခံပညာရပ်တစ်ခုလည်းဖြစ် သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဗန်တို၊ ဗန်ရှည်၊ သိုင်းပြောင်းပြန်စသော ကိုယ်ခံပညာရပ်များလည်း ယနေ့ထိတိုင် ထွန်းကားပြန့်ပွားနေ ဆဲပင်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေသည့် အားကစားသမားများရှိသည်။ ထိုအထဲတွင် နာမည်အကြီးဆုံးနှင့် အထင်ရှားဆုံးက ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန် ဖြစ်သည်။ အောင်လအန်ဆန်လိုပင် ကမ္ဘာ့ချန်ပီယံ ဖြစ်ရန် ရည်မှန်းကြိုးစားနေသော အခြားမြန်မာအားကစားသမားများလည်း ရှိသည်။

ထိုအထဲတွင် တစ်ဦးက “ဘူရှီးဒိုး” ဖိုးသော် ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားအဖြစ် ပြိုင်ပွဲများယှဉ်ပြိုင်ဖူးသော ဖိုးသော် သည် 2016 ONE Myanmar Featherweight Tournament တန်း ချန်ပီယံအဖြစ် မှတ်တမ်းကောင်းရေးထိုးနိုင်ခဲ့ပြီးနောက် ONE Championship နှင့် စာချုပ်ချုပ်ဆိုကာ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။ ၎င်းသည် စင်ကာပူအခြေစိုက် ကမ္ဘာ့အကြီး ဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းတွင် ၂၀၁၈ ခုနှစ်မှစတင်ကာ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းကို ပိုင် ဆိုင်ထားသည်။ Team PT အသင်းကို ထူထောင်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်များအား ပြန်လည်မျှဝေပေးနေသည့် ဖိုးသော် သည် ၂၀၁၉ ခုနှစ်အတွင်း ၃ ပွဲယှဉ်ပြိုင်ခဲ့ရာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးခဲ့သည်။ အဖွင့်ပွဲစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်တွင်ကျင်းပ သော ONE: REIGN OF VALOR ပြိုင်ပွဲ၌ အင်ဒိုနီးရှားအားကစားသမား Yohan “The Ice Man” Legowo ကို ပထမအချီမှာပင် လက် သီးတွဲလုံးများသုံးကာ ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။

ဒုတိယပွဲစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင်ပြုလုပ်သော ONE: LEGENDARY QUEST ပြိုင်ပွဲတွင် လည်း အင်ဒိုနီးရှားအားကစားသမား Victorio “Indra” Senduk ကို ပထမအချီမှာပင် လက်သီးထိုးချက်များဖြင့် အလဲထိုးအနိုင်ရခဲ့သည်။ အဖွင့် ၂ ပွဲဆက်အနိုင်ရခဲ့သော ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က တိုကျိုတွင်ကျင်းပသော ONE: CENTURY PART I ပြိုင်ပွဲ၌ တောင်ကိုရီးယားအားကစားသမား Yoon “The Big Heart” Chang Min နှင့် ယှဉ်ပြိုင်ရာတွင်မူ လည်ပင်းချုပ်ကွက်ဖြင့် အရေး နိမ့်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ၂၀၁၉ ခုနှစ်အတွင်း ၂ ပွဲစီအနိုင်ရထားသူများဖြစ်ခြင်းကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သော်လည်း ဘူရှီး ဒိုးအတွက် ၂၀၂၀ ပြည့်နှစ်ကို နိုင်ပွဲနှင့် ကြိုဆိုနိုင်ခြင်းမရှိခဲ့ပေ။ ဖိုးသော်သည် ONE Championship က ပြိုင်ပွဲ ၁၀၀ ပြည့်အဖြစ်ကျင်းပ သည့် အဆိုပါပြိုင်ပွဲတွင် နိုင်ပွဲဆက်ရန် ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုပြိုင်ပွဲက ၂၀၁၉ ခုနှစ်အတွက် မမေ့နိုင်စရာ အကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်ဟု အသက် ၃၅ နှစ်အရွယ် ဖိုးသော်က ဝန်ခံသည်။

“၂၀၁၉ ခုနှစ်အတွက် မမေ့နိုင်စရာအကောင်းဆုံးဖြစ်ရပ်ကတော့ ဂျပန်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲပါ။ ကျွန်တော် ဒီပွဲကိုအနိုင်ယူဖို့အတွက် အကောင်း ဆုံးလုပ်ဆောင်ခဲ့ပေမယ့် Yoon Chang Min ကို ရှုံးနိမ့်ခဲ့တယ်။ နိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း အရာမ ထင်ခဲ့ပါဘူး။ ၂၀၁၉ ခုနှစ်ကို ၃ ပွဲဆက်အနိုင်နဲ့ ပိတ်သိမ်းနိုင်ဖို့ လေ့ကျင့်ရေးမှာလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ပြိုင်ပွဲကနေ ကျွန်တော့်အတွက် သင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံကောင်းတွေကိုလည်း ရခဲ့ပါတယ်” ဟု ရှုံးပွဲနှင့်ပတ် သက်၍ ၎င်းက ရှင်းပြသည်။ သို့သော်လည်း ဖိုးသော်သည် ရှုံးပွဲနှင့်ပတ်သက်၍ စိတ်ပျက်အားနည်းငယ်ခြင်းမရှိဘဲ အရှုံးထဲမှ သင်ခန်းစာ ယူကာ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားတည်ဆောက်လျက်ရှိသည်။ ဘဝတွင် ကြုံတွေ့ရသမျှ အကောင်း၊ အဆိုးဖြစ်ရပ်များသည် ပိုမိုတည်ငြိမ်မှုရှိလာအောင်၊ ခံနိုင်ရည်ပိုရှိလာအောင် တွန်းအားပေးနေသည် ဟု ခံယူကြောင်းလည်း ဆိုသည်။

“အချိန်တိုင်းကတော့ ကျွန်တော့်အတွက် အကောင်းဆုံးတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အဆိုးတွေကို တွေးမထားဘူး။ အ ကောင်းမြင်တဲ့ဘက်ကနေပဲ တွေးပါတယ်။ တွေ့ကြုံခဲ့တဲ့ ကောင်းတဲ့အချိန်တွေရော၊ ဆိုးရွားတဲ့အချိန်တွေကပါ ကျွန်တော့်ကို ပိုပြီး တည် ငြိမ်ရင့်ကျက်လာအောင်၊ ပိုပြီး ခံနိုင်ရည်ရှိလာအောင် လုပ်ဆောင်ပေးနေတယ်လို့ ခံယူထားတယ်။ ၂၀၁၉ ခုနှစ်ကနေ ကျွန်တော် အတွေ့ အကြုံကောင်းတွေ အများကြီးရခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင်လည်း ကြိုးစားသွားမှာပါ” ဟု ဖိုးသော်က ပြောသည်။ ရှုံးနိမ့်ခြင်းဆိုသည်က အားကစားသမားတိုင်း ကြုံတွေ့ရမည့် မမြဲသောနိယာမတစ်ခုသာဖြစ်ပြီး အရှုံးတွင် ခံစားမနေဘဲ ပိုကောင်းသည့် က စားသမားအဖြစ် နိုင်ပွဲပြန်လည်ရရှိရန် ကြိုးစားသွားရမည်ဟုလည်း ၎င်းက သုံးသပ်သည်။ လောကတွင် မိမိအပေါ် အကောင်းမြင်သူများ ရှိသလို အဆိုးမြင်နေသူများလည်းရှိတတ်ပြီး မည်သို့ပင်ဖြစ်စေ တွန်းအားတစ်ရပ်အဖြစ်ခံယူကာ ကြိုးစားလုပ်ဆောင်ပါက အောင်မြင်မှု များ ပြန်လည်ရယူနိုင်မည်ဟုလည်းယုံကြည်ကြောင်း Team PT ပဲ့ကိုင်ရှင်ဖိုးသော်က ဆိုသည်။

“ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုဆီတက်လှမ်းနိုင်ဖို့အတွက် လှေခါးထစ်လိုပါပဲ။ ကျွန်တော် ရှုံးခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ အရှုံးမပေးခဲ့ ဘူး။ အရှုံးဆိုတာထက် အဲဒီအရှုံးကနေ အောင်မြင်မှုတွေ ပြန်လည်ရရှိနိုင်ဖို့ပဲ ကျွန်တော် သင်ယူခဲ့တယ်။ အခက်အခဲတွေ၊ အရှုံးတွေနဲ့ ရင် ဆိုင်ရချိန်တိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အားပေးတယ်။ ကျွန်တော့်ကို အကောင်းမြင်ပေးတဲ့သူတွေရော၊ အဆိုးမြင်နေတဲ့သူတွေ ရော ဘယ်သူပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်ကို တွန်းအားဖြစ်စေပါတယ်။ ငါ ပိုကြိုးစားရမယ်ဆိုတဲ့အသိနဲ့ အရင်ကထက် ပိုကောင်းလာ အောင်ကြိုးစားပြီး အရှုံးတွေကို ချေဖျက်တယ်” ဟု အရှုံးထဲမှ ပြန်လည်ရုန်းထွက်နိုင်ရန် တည်ဆောက်ရပုံနှင့်ပတ်သက်၍ ဖိုးသော်က ပြန် လည်ဝေမျှသည်။

မကြာမီ ၂၀၁၉ ခုနှစ်က ကုန်ဆုံးတော့မည်ဖြစ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးလျှင် လူသားများအနေဖြင့် ကုန်လွန်သွားသော အချိန်ကာလများ တွင် ကြုံတွေ့ရသမျှ ဖြစ်ရပ်ပေါင်းစုံအပေါ် အကောင်းဆုံး သုံးသပ်တတ်ဖို့က အရေးကြီးလှသည်။ အမှားအယွင်းများ ပြုလုပ်မိပါက အမှား ဖြစ်လာရသည့်အပေါ် အပြန်ပြန်အလှန်လှန်သုံးသပ်ကာ နောင်မမှားအောင် ကြိုးစားရမည်ဖြစ်သည်။ သို့မှသာ အနာဂတ်တွင် အမှားအ ယွင်းကင်းအောင် ပြုမူနေထိုင်ကျင့်ကြံခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ခရီးလှမ်းကို လျှောက်လှမ်းနိုင်ပေလိမ့်မည်။ ဖိုးသော်က လည်း ၂၀၁၉ ခုနှစ်၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များထဲမှ သင်ခန်းစာရခဲ့သည်များရှိပြီး ၂၀၂၀ ပြည့်နှစ်ဟူသည့် နှစ်သစ်တွင် အ ကောင်းဆုံးလုပ်ဆောင်ပြရန် ပြင်ဆင်ထားသည်။

“ကျွန်တော့်အနေနဲ့ လာမယ့် ၂၀၂၀ မှာ ၂၀၁၉ ခုနှစ်ကထက် ပိုကောင်းတဲ့ကစားသမားအဖြစ် ရှိနေစေဖို့အတွက် အကောင်းဆုံးလုပ် ဆောင်ပြသွားဖို့ ပြင်ဆင်ထားပါတယ်။” ဟု ဖိုးသော်က နှုတ်ခွန်းဆက်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly