နူးကမ့်မှာ အရေးမနိမ့်သေးတဲ့ ပထမဆုံးရီးယဲလ်မက်ဒရစ်နည်းပြဖြစ်လာတဲ့ ဇီဒန်း

နူးကမ့်မှာ အရေးမနိမ့်သေးတဲ့ ပထမဆုံးရီးယဲလ်မက်ဒရစ်နည်းပြဖြစ်လာတဲ့ ဇီဒန်း
Photos: EPA

ဗုဒ္ဓဟူးနေ့ညက ဘာစီလိုနာကို နူးကမ့်မှာ ဂိုးမရှိသရေကစားနိုင်ခဲ့ပြီးနောက် ဇီဒန်းဟာ ကတ်တလန်တို့ရဲ့ အိမ်ကွင်းမှာ (၅)ပွဲအထိ အရေးမနိမ့်တဲ့ ပထမဆုံး ရီးယဲလ်မက်ဒရစ်နည်းပြဖြစ်လာပါတယ်။

ဇီဒန်က နူးကမ့်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာ (၂)ပွဲအနိုင်ရပြီး (၃)ပွဲသရေကျခဲ့ပါတယ်။ ဒါက သူ့ရဲ့ရီးယဲလ်ဟာ ဘာစီလိုနာအတွက် ခက်ခဲတဲ့ဧည့်သည်အသင်းဆိုတာ ပြသခဲ့တာလည်းဖြစ်ပါတယ်။

ဒီအသင်းနှစ်သင်းရဲ့ ဂိုးမရှိသရေကျမှုကလည်း ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာနောက်ပိုင်း ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ် သရေပွဲဖြစ်ခဲ့ပြီး ရက်ပေါင်း (၆,၂၃၅)ရက်အထိ ရှိခဲ့ပါတယ်။

ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်ကလည်း အယ်လ်ကလက်စီကိုပွဲ (၄၃)ပွဲအထိ ကစားပြီး ပွဲအများဆုံးကစားထားသူဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ရီးယဲလ်က ခြေစွမ်းပိုင်းအရကော အသာစီးရယူမှုအပိုင်းပါ ဘာကာထက် ပိုမိုကောင်းမွန်ခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်ခဲ့လို့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဇယားထိပ်မှာ ရပ်တည်ခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရီးယဲလ်အတွက် အနိုင်ဂိုးဖြစ်စေမယ့် ဘေးလ်ရဲ့ သွင်းဂိုးကို လူကျွံဘော သတ်မှတ်ခံရပါတယ်။ ဒါ့အပြင် ရီးယဲလ်က ဂိုးကန်သွင်းမှု (၁၇)ကြိမ်ထိပြုလုပ်နိုင်ခဲ့ပြီး အိမ်ရှင်ဘာစီလိုနာကတော့ (၉)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ရီးယဲလ်တို့ တာစတီဂန်ကို မကျော်နိုင်ခဲ့တာကြောင့် ဂိုးမရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့မှာတော့ ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗယ်လ်ဗာဒီရဲ့ အသင်းသားတွေကတော့ စနေနေ့မှာ အလာဗတ်စ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

နောက်လာမယ့် ဂလက်စီကိုပွဲစဉ်ကို လာမယ့်နှစ်အစောပိုင်းမှာ ဘာနေဗျူးကွင်းမှာ တွေ့ဆုံမှာဖြစ် ဇီဒန်းကတော့ ဗုဒ္ဓဟူးနေ့က နူးကမ့်ကွင်းမှာ သူ့အသင်းဆီက မြင်တွေ့ခဲ့ရတွေကို ကျေနပ်နေပါတယ်။

"ဒီအနေအထားအတွက် ကျနော် အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ အကောင်းဆုံး ကစားခဲ့တယ်။ ဂိုးမသွင်းနိုင်ခဲ့ရုံပါ။ ဒါပေမယ့် ကျနော်တို့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဒီညမှာ အနိုင်ရဖို့ အနည်းငယ် ထိုက်တန်ခဲ့တယ်။"လို့ ဇီဒန်းက ပွဲအပြီးမှာ ပြောပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly