ဂျိမ်းစဘွန်း ဇာတ်ရုပ်ကို ဆက်လက် သရုပ်ဆောင်ရန်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် မချရသေးကြောင်း ဒန်နီရဲလ်ခရက် ပြောကြား

ဂျိမ်းစဘွန်း ဇာတ်ရုပ်ကို ဆက်လက် သရုပ်ဆောင်ရန်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် မချရသေးကြောင်း ဒန်နီရဲလ်ခရက် ပြောကြား

ကမ္ဘာကျော် သရုပ်ဆောင်မင်းသားကြီး ဒန်နီရဲလ်ခရက်က ဂျိမ်းစဘွန်းဇာတ်ရုပ်ကို ဆက်လက် သရုပ်ဆောင်သွားရန်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြားခဲ့သည်။

“ငါးကားမြောက် ဂျိမ်းစဘွန်းဇာတ်ကားကို သရုပ်ဆောင်သွားဖို့ အစီစဉ် မရှိသေးပါဘူး” ဟု ဒန်နီရဲလ်ခရက်က Time Out မဂ္ဂဇင်းကို ပြောကြားခဲ့သည်။သို့သော်လည်း ဒန်နီရဲလ်ခရက်က “ အခု လက်ရှိ အချိန်မှာတာ့ ငါးကားမြောက် ဂျိမ်းစဘွန်းဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားဖို့ အစီစဉ် မရှိသေးပါဘူး။ ကျွန်တော် စိတ်ပြောင်းချင်လည်း ပြောင်းသွားနိုင်ပါတယ်” ဟု ဘီဘီစီသတင်းဌာနကို ပြောကြား ခဲ့သည်။

အောက်တိုဘာ ၁၉ ရက်က ထုတ်လွှင့်ပြသခဲ့သော လေးကားမြောက် ဂျိမ်းစဘွန်းဇာတ်ကား Spectre ဇာတ်ကားတွင် မင်းသားကြီး ဒန်နီရဲလ်ခရက်ကို ဖရန့်ဇ်အိုဘာဟူဆာ ဦးဆောင်သော ရာဇဝတ်အဖွဲ့ ကို တိုက်ခိုက် နှိမ်နှင်းသူအဖြစ် သရုပ်ဆောင်ထာသည်ကို တွေ့မြင်ရသည်။

ရာဇဝတ် အဖွဲ့ခေါင်းဆောင်အဖြစ် ဖရန့်ဇ်အိုဘာဟူဆာအဖြစ် ခရစ်စတို ဝဲလ်ဇ်က သရုပ်ဆောင် ထားသည်။ လန်ဒန်တွင် ကျင်းပပြုလုပ်သော အဆိုပါဇာတ်ကား ရုံမတင်မီ ပြသသောပွဲ၌ ဝေဖန်သူများ နှင့် သတင်းစာ ဆရာများ၏ ချီးကျူးမှုကို ရရှိခဲ့သည်။

“ဂျိမ်းစဘွန်း ပရိတ်သတ်အများစုကတော့ ဂျိမ်းစဘွန်းဇာတ်ကားမှာ ပါဝင် သရုပ်ဆာင်ခဲ့တာနဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ ရှိနေမှာပါ။ ဂျိမ်းစဘွန်းဇာတ်ကားက ကျွန်တော့်ကို ပရိတ်သတ်တွေ လက်ခံလာစေတဲ့ ဇာတ်ကား ဖြစ်ပါတယ်” ဟု ဒန်နီရဲလ်ခရက်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly