ရုပ်ရှင်နှင့် ဂီတကြယ်ပွင့် Jang Geun Suk ကိုရီးယားတွင် အနုပညာလုပ်ငန်းများ ပြန်စတော့မည်

ရုပ်ရှင်နှင့် ဂီတကြယ်ပွင့် Jang Geun Suk ကိုရီးယားတွင် အနုပညာလုပ်ငန်းများ ပြန်စတော့မည်

ကိုရီးယား ရုပ်ရှင်နှင့် ဂီတကြယ်ပွင့် Jang Geun Suk သည် ကိုရီးယားနိုင်ငံတွင် အနုပညာ လုပ်ငန်းများ မလုပ်တော့သည်မှာ ဆယ်လကျော် ကြာလာခဲ့ပြီဖြစ်ကာ ယခုအခါတွင် သူသည် ကိုရီးယားတွင် အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် စီစဉ်နေကြောင်း Korea Times မီဒီယာ၏ သတင်းတစ်ပုဒ်က ဆိုသည်။

Jang Geun Suk သည် လာမည့်နှစ်တွင် သရုပ်ဆောင်ရန်အတွက် ရုပ်ရှင်များနှင့် ဒရာမာ ဇာတ်လမ်းတွဲများကို ရွေးချယ်နေပြီဖြစ်ကြောင်း Korea Times မီဒီယာက အမည်မဖော်လိုသော သတင်း ရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။

Jang သည် အခွန်ကိစ္စ စုံစမ်း စစ်ဆေးခံခဲ့ရပြီးနောက် အများအမြင်တွင် သူ၏ ပုံရိပ် အနည်း ငယ် ထိခိုက်သွားခဲ့ရာ ယခုနှစ် ဇန်နဝါရီလကတည်းကစ၍ ကိုရီးယားတွင် အနုပညာလုပ်ငန်းများ မလုပ်တော့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် သူရရှိခဲ့သော ဝင်ငွေများကို လျှော့၍ ဖော်ပြခဲ့မှှုနှင့် ပတ်သတ်၍ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် သူ့အား ကိုရီးယား နိုင်ငံတော်အခွန်ဌာနက စစ်ဆေး မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှစ၍ သူသည် ဂျပန်နှင့် တရုတ် တို့တွင်သာ အနုပညာလုပ်ငန်းများ လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။  

Ref: KDrama Stars

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required