လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA မှ ပြန်လွှတ်ပေးရန် အစီအစဉ်မရှိသေး

17 December 2019
လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA မှ ပြန်လွှတ်ပေးရန် အစီအစဉ်မရှိသေး

တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးနှင့်  ပလက်ဝဒေသရှိ ရခိုင်မျိုးနွယ်စုများ၏ လုံခြံုရေးအပေါ် ခြိမ်းခြောက်မှုများ ရှိနိုင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို  ပြန်လည်လွှတ်ပေးရန်  အစီအစဉ် မရှိသေးဟု ရခိုင်တပ် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမသို့ ပြောသည်။

 အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ ပက်သက်၍ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ NLD ပါတီက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထို႔အပြင် NLD ပါတီ အပါအဝင် သက်ဆိုင်ရာ အရပ်ဖက် အဖွဲ႔အစည်းများကလည်း ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ကြေညာချက်များ ထုတ်ပြန်တောင်းဆိုထားကြသည်။

တပ်မတော်အတွက် ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ဆောင်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဦးဝှေ့တင်ကို ရခိုင်တပ် AA က နိုဝင်ဘာ ၃ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်နိုင်ရေးအတွက်  ပြည်ထောင်စုအဆင့်  ဆုံးဖြတ်ချက်အရ ဆောင်ရွက်ရန်သာကျန်ရှိတော့သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး  ဦးစိုးထက်ကပြောသည်။

 ရိုက်ကူး/တင်ဆက်- ဟိန်းသက်ဦး
တင်ဆက် - ထွန်းထွန်းဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required