မြန်မာနေရှင်နယ်လိဂ် နှင့် AIA ၊ AYA တို့ သုံးနှစ်သက်တမ်းရှိ စပွန်ဆာ စာချုပ်ချုပ်ဆို

မြန်မာနေရှင်နယ်လိဂ် နှင့် AIA ၊ AYA တို့ သုံးနှစ်သက်တမ်းရှိ စပွန်ဆာ စာချုပ်ချုပ်ဆို
ဓာတ်ပုံ -ထွန်းထွန်းဝင်း

ဒီဇင်ဘာ ၁၇။             ။ ပြည်တွင်းလိဂ်ပြိုင်ပွဲ မြန်မာနေရှင်နယ်လိဂ် နှင့် AIA ၊ AYA တို့ ၂၀၂၀ မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ခြင်းကို ဒီဇင်ဘာ (၁၇)ရက်နေ့ကပြုလုပ်ခဲ့သည်။

စပွန်ဆာ စာချုပ်ချုပ်ဆိုသည့်အခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရှိ Junction City Office Tower တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဒေါက် တာစိုင်းဆမ်ထွန်း ၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကလပ်အသင်းမှ ကစားသမားများ ၊ AIA ၊ AYA တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"သူတို့ဘက်က ၃ နှစ်အပြင်ကို မြန်မာပြည်ရဲ့အားကစားက No.1ကလည်း ဘောလုံး No.2 ကလည်း ဘောလုံးဆိုတော့ လူတိုင်းကဘောလုံးကိုချစ်တယ်။ ဘောလုံးကိုအားပေးတဲ့ ပရိတ်သတ်က တစ်နိုင်ငံလုံးဖြစ်နေတဲ့အတွက် မြန်မာနေရှင်နယ်လိဂ် နဲ့ ပူးပေါင်းလိုက်တာက သူတို့အတွက်အများကြီး အချိန်တိုအတွင်းမှထိရောက်တဲ့အတွက် သူတို့က အင်္ဂလန်ပရီးမီးယားလိဂ်က တော့တင်ဟမ် ဟော့စပါး အသင်းမျိုးတောင် စပွန်ဆာပေးထားတာ ဖြစ် တဲ့အတွက် ဘောလုံးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာ အကျိုးပြုလုပ်ငန်းတွေလုပ်ဖို့ မြန်မာနေရှင်နယ်လိဂ်နဲ့ပူးပေါင်း ပြီး ၃နှစ် ကနေနောက်ထပ် ၁၀ နှစ်၊ သက်တမ်းတွေ တိုးလာမှပါ " ဟု မြန်မာနေရှင်နယ်လိဂ်အမှုဆောင် အရာ ရှိချုပ်ဖြစ်သူ ဦးစိုးမိုး က သတင်းမီဒီယာများကိုဖြေကြားခဲ့သည်။

မြန်မာဘောလုံးလောက ပိုမိုအောင်မြင်တိုးတက်လာစေရန် ရည်ရွယ်ကြောင်း သုံးနှစ်စပွန်ဆာစာချုပ်ချုပ်ဆိုမှုနှင့်ပတ်သက်၍ AIA Myanmar မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Nhon Ly က ပြောသည်။

"မြန်မာနိုင်ငံဘောလုံးလောကကိုဒီထက်ပိုပြီး အောင်မြင်တိုးတက်အောင်လုပ်ပေးဖို့ လူငယ်မျိုးဆက်တွေကို ဘောလုံးကိုပိုပြီးစိတ်ဝင်စားလာဖို့နဲ့ မြေတောင်မြှောက်ပေးဖို့ ရည်ရွယ်ပါတယ်။

ဘယ်လောက်စာချုပ်ချုပ်မယ်ဆိုတာထက်အခု၂၀၂၀ အတွက်စပြီး စပွန်ဆာပေးပါတယ်။ နောက်ထပ်နှစ်ပေါင်းများစွာအတွက် ပေးဖို့ရည်ရွယ်ထားပါတယ် " ဟု AIA Myanmar မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Nhon Ly ကသတင်းမီဒီယာများကိုဖြေကြားခဲ့သည်။စာချုပ်ချုပ်ဆိုခြင်းအရ မြန်မာနေရှင်နယ်လိဂ်မှ ဦးစီးသည့်ပြိုင်ပွဲများ အားလုံးအတွက် ကစားသများအားလုံး ၏ ဂျာစီအင်္ကျီများတွင် ဖော်ပြပါရှိမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ အဓိကစပွန်ဆာရရှိမှုတွင် မြန်မာဆက်သွယ်ရေးကွန်ရက် (MPT) ကဦးဆောင်လျက်ရှိပြီး Co-Sponsor ရရှိမှုတွင် ၁၀ခုကျော်၊ ပါတနာ အနေဖြင့် သုံးခုခန့် နှင့် Special Sponsor အဖြင့် ၂ခု ရရှိထား ကြောင်းသိရသည်။

စပွန်ဆာများပေးအပ်သည့်ငွေကြေးများကို မြန်မာနေရှင်နယ်လိဂ် အောက်ရှိ အသင်းများကို အချိုးကျပြန်လည်ပေးအပ်ရှိပြီး ယမန်နှစ်ကအချိုးကျ  ပြန်လည်ခွဲဝေပေးသည့် ငွေပမာဏထက် ပိုမိုပေးနိုင်ရန် ပြင်ဆင်လျက် ရှိကြောင်းသိရသည်။

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအသင်းမှ ရှမ်းယူနိုက်တက်အသင်းက ဗိုလ်ဆွဲထားခြင်းဖြစ်ပြီး ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် (၁)အမှတ်ပေးပြိုင်ပွဲကို လာမည့်ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် စတင်ကျင်းပသွားမည် ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly