‘ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာက အသိသာကြီးပါ။ ဒါပေမယ့် စောဒကတက်စရာ မရှိပါဘူး။’ - ဆိုးရှားလ်

‘ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာက အသိသာကြီးပါ။ ဒါပေမယ့် စောဒကတက်စရာ မရှိပါဘူး။’ - ဆိုးရှားလ်
Photos: EPA

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အဲဗာတန်အသင်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ချိန်မှာ လူစားဝင်ကစားပေးခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး မေဆွန် ဂရင်းဝုဒ်ရဲ့ ခြေပဂိုးနဲ့ ကယ်တင်ပေးခဲ့လို့ အိမ်ရှင်တို့ သရေတစ်မှတ်နဲ့ သက်သာရာရခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ အဲဗာတန်အသင်းရဲ့ ထောင့်ကန်ဘောကို လင်ဒီလော့ဖ်က own goal သွင်းယူသလိုဖြစ်ခဲ့ချိန်မှာ ဒီဂိုးမှာ ဒီဂီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါတယ်။

ဒီအငြင်းပွားဖွယ် ဂိုးအတွက် ယူနိုက်တက်ရဲ့ စောဒကတက်မှုကို VAR နဲ့ ပြန်လည် စစ်ဆေးခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးသွားခဲ့ပါတယ်။

"ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာက အသိသားကြီးပါ။ ဒေးဗစ် ဘောလုံးကို ထွက်ပုတ်တဲ့အချိန်မှာ တစ်ဖက်ကစားသမားရဲ့ လက်မောင်းက ဒေးဗစ်ရဲ့ ပုခုံးတွေပေါ်ရောက်နေပါတယ်။ ဒါပေမယ့် ကျနော်အတွက် မကျေမနပ် ညည်းညူစရာ အကြောင်း ဘာအကြောင်းမှ မရှိပါဘူး။ VAR စနစ်ဟာ လာမယ့်နှစ်မှာ ပိုကောင်းပါလိမ့်မယ်။ သူတို့ဟာ VAR စနစ်ကို ပြန်ကြည့်ရပါလိမ့်မယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

ယူနိုက်တက်အတွက် ချေပဂိုး သွင်းပေးခဲ့တဲ့ အသက် (၁၈)နှစ်အရွယ် ဂရင်းဝုဒ်ဟာ အသင်းရဲ့ တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ မာချီဒါနဲ့ ဝဲလ်ဘက်တို့နောက် အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဂိုးသွင်းယူတဲ့ တတိယမြောက် အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။

ယူနိုက်တက်တို့ရဲ့ နောက်ဆုံးလိဂ် (၂)ပွဲဖြစ်တဲ့ စပါးနဲ့ မန်စီးတီးတို့ကို အထင်ကြီးစရာ အနိုင်ယူပြပြီးနောက် သူတို့ရဲ့ စိတ်ပျက်စရာ ဒီသရေရလဒ်က ဆိုးလ်ရှားလက်အောက်မှာ ယူနိုက်တက်တို့ ဘယ်လောက်ထိ တိုးတက်စရာ လိုအပ်နေသေးတယ်ဆိုတာ ထပ်ပြီး အတည်ပြုရမှာပါ။

"ဒီနေ့က နောက်ပြန်လှည့်မယ့် ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ရပ်နေသေးရင်တော့ တိုးတက်မှာ မဟုတ်ပါဘူး။ ဒီကနေ့ပွဲရလဒ်ကြောင့် စိတ်ပျက်မိပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ခါရာဘောင်ဖလား ကွာတားဖိုင်နယ်ကန်ဖို့ရှိနေတယ်။ ဒီပွဲအတွက် ရွေးစရာ၊ တောင့်တင်းပြီး ကြီးမားတဲ့ လူစာရင်းကြီးတစ်ခု ကျနော့်မှာ ရှိပါတယ်။"လို့ ဆိုးလ်ရှားက ပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly