စီးပွားရေးစွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရေရှည်ရပ်တည်နိုင်ရေး အကန်အသတ်ရှိနေ

စီးပွားရေးစွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရေရှည်ရပ်တည်နိုင်ရေး အကန်အသတ်ရှိနေ

မြန်မာနိုင်ငံ၏ စီးပွားရေးအခင်းအကျင်း၌ နယ်ပယ်ကဏ္ဍပေါင်းစုံကနေ တိုးတက်လာရန်အလားအလာရှိသည်ဆို သော်လည်း စွန့်ဦးတီထွင်လုပ်ငန်းရှင် အများအပြား ပေါက်ပေါက်လာရေးနှင့် ရေရှည်ရပ်တည်ရေးမှာ အကန့်အသတ် ရှိနေဆဲဖြစ်သည်။

ရည်မှန်းချက်ကြီးမားသူများ၊ စီးပွားရေး လုပ်ငန်း တည်ထောင်ချင်သူများမှာ ငွေကြေးအရင်းအနှီး မရှိကြသလို  ကျွမ်းကျင်မှုပါ လိုအပ်နေပြီး ငွေကြေး၊ အကူအညီနှင့် ဥပဒေပြုရေးအပိုင်းများက အဘက်ဘက်က လိုအပ်ချက်များဖြစ် နေကြောင်း ANTHEM ASIA ညဤန်ကြားရေးမှူး ပီတာဝစ်တန်ကပြောသည်။

“တရားရေးဆိုင်ရာ၊ ပညာရေးနဲ့ လေ့ကျင့်သင်ကြားပေးရေး အပိုင်းတွေကနေ ပြည်သူ့ဘဝကို မြှင့်တင်ဖို့ အစိုးရက ကောင်းကောင်း သိထားဖို့လိုအပ်ပါတယ်။”ဟု ပီတာဝစ်တန်ကဆက်ပြောသည်။

မြန်မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း ဥက္ကဌဦးဝေဖြိုးက နိုင်ငံတော် အစိုးရအနေဖြင့် လုပ်ငန်းတစ်ခု ထူထောင်သည့် နေရာတွင် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နှင့် ထူထောင်ရန်လက်ရှိ စည်းမျဉ်းများကို လွယ်ကူအောင် လုပ်ပေးလျှင် ပိုကောင်းမည်ဟု ပြောသည်။

“ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စွန့်ဦးတီထွင် လုပ်ငန်းတွေဆိုတာ အကြီးကြီးတွေမှ မဟုတ်တာ၊ ပြီးတော့သူတို့က အတွေ့အကြုံလည်းနည်းတယ်၊ လွယ်လွယ်ကူကူ လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့၊ ဒါကတစ်ကဏ္ဍ၊ ဒုတိယတစ်ကဏ္ဍက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ ချေးငွေရယူမယ်ဆိုရင်ဒါ အပေါင်ပစ္စည်း လိုသေးတယ်၊ အဲတော့လုပ်ငန်းစမဲ့ သူတွေအတွက် အပေါင်ပစ္စည်း ဒီလောက်မလိုတဲ့ ပြီးတော့လုံး၀ မလိုတဲ့ငွေချေးစနစ် တစ်ခုဖြစ်လာရင် ပိုကောင်းတာပေါ့။” ဟု ဦးဝေဖြိုးက သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly