သတင်းထောက် ကိုစိုးမိုးထွန်းကွယ်လွန်ခြင်းသုံးနှစ်ပြည့်ဆုတောင်းပွဲ မုံရွာမြို့တွင်ပြုလုပ်

သတင်းထောက် ကိုစိုးမိုးထွန်းကွယ်လွန်ခြင်းသုံးနှစ်ပြည့်ဆုတောင်းပွဲ မုံရွာမြို့တွင်ပြုလုပ်
ဓာတ်​ပုံ - ​ကျော်​မင်းထွန်း

ဒီဇင်​ဘာ ၁၃။              ။ လုပ်ကြံသတ်ဖြတ်ခံခြင်းခဲ့ရသည့် ပြည်​တွင်းသတင်းဌာန တစ်​ခုဖြစ်​သည့် ELEVEN MEDIA မှ မုံရွာအ​ခြေစိုက်​ သတင်းထောက် ကိုစိုးမိုးထွန်း၏ ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဘွယ်​ မီးထွန်း ဆုတောင်းပွဲအား ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင်မုံရွာမြို့တွင်​ ပြုလုပ်​ခဲ့သည်​။

မုံရွာ မြို့  မြို့တော်ခန်းမရှေ့မှဗိုလ်ချုပ်လမ်းအတိုင်း ချီတက်လမ်းလျှောက်ကာနာရီစင်မှာတစ်​ဆင့် ရွှေစည်းခုံဘုးရားသို့ဝင် ​ရောက်​ပြီး မိသားစုဝင်​များ၊ မိတ်​​ဆွေများ နှင့်နိုင်​ငံ​ရေးအသိုင်းအဝိုင်းမှလူများက ဆီမီးထွန်းပြီး ဆု​တောင်းမှု များပြုလုပ်​ခဲ့ကြသည်​။

လမ်းလျှောက်​ချီတက်​ရတွင်​ အမူမှန်​အမြန်​ဆုံး​ပေါ​ပေါက်​​ရေး၊ ကိုစိုးမိုးထွန်းပုံနှင့်ဗီနိုင်းများ နှင့် ကိုစိုးမိုးထွန်းအင်္ကျီ များဝတ်​ဆင်​ပြီး လူဦး​ရေ ၄၀ ဝန်းကျင်​ခန့်က ငြိမ်းချမ်းစွာစီတည်းလှည်​လည်​ခဲ့သည်​။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံခံရသည်မှာ၃ နှစ်ပြည့်ပြီဖြစ်သော်လည်း ယခုအချိန်အထိအမှုမှန်​ပေါ ပေါက်ခြင်းမရှိဘဲ ​မေ့လျော့ခံဖြစ်နေပြီးအမှုကွယ်ပေါက်သွားမည်ကို စိုးရိမ်သောကြောင့်  အောက်မေ့ဖွယ်အခမ်း အနား ကို အခုလိုကျင်းပရခြင်းဖြစ်​​ကြောင်းကိုမိသားစုဝင်​များ ထံမှသိရသည်​။

ကိုစိုးမိုးထွန်းသည် လွန်ခဲ့သော၂၀၁၆ ခုနှစ်၊ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်း က မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီး၏ ဂေါက်ကွင်းအနီး ခမရတပ်ရင်း (၁၆)အရှေ့တွင်လုပ်ကြံသတ်ဖြတ်ခံခြင်းခံခဲ့ရသည်​။

အဆိုပါကိစ္စရပ်​နှင့်ပတ်​သက်​ ၍ သုံးနှစ်​​ကျော်​လာသည့်အချိန်​ထိ မုံရွာမြို့မရဲစခန်းအ​နေဖြင့်တရားခံကိုဖမ်းမိခြင်းမရှိ​သေး​ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly