မြန်မာနိုင်ငံအမှု ICJ တွင်စစ်ဆေးရန် သင့်၊ မသင့် အမြန်ဆုံးဖြတ်မည်

မြန်မာနိုင်ငံအမှု ICJ တွင်စစ်ဆေးရန် သင့်၊ မသင့် အမြန်ဆုံးဖြတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။       ။ ဂမ်ဘီယာနိုင်ငံမှနေ၍ လူမျိုးတုတ်သတ်ဖြတ်မှုကို မတားဆီးဟုဆိုကာ မြန်မာနိုင်ငံအား တရားစွဲဆိုထားမှုကို ICJ တွင် စစ်ဆေးရန် သင့်၊ မသင့် အမြန်ဆုံးအဆုံးအဖြတ်ပေးမည်ဟု တရားသူကြီးမှ ပြောဆိုခဲ့သည်။

“ တရားရုံးကလိုအပ်တဲ့အချက်အလက်တွေကိုကူညီပေးဖို့ပြောချင်ပါတယ်။ ကြားဖြတ်အရေးယူမှု ဆောင်ရွက်ဖို့ လို၊ မလိုဆိုတာကို ကျွန် တော် တို့အမြန်ဆုံးကြည့်ပါမယ်။ တရားရုံးမှ ဆောင်ရွက်တဲ့ကိစ္စတွေကို အများပြည်သူ သိအောင် ပြောသွားမှာဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၁၂ ရက်နေ့ ကြားနာမှုအပြီး ICJ မှ တရားသူကြီးတစ်ဦးက ကြေငြာခဲ့ခြင်းဖြစ်သည်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ (၃) ရက်ကြာ ကြားနာခဲ့ခြင်းဖြစ်ကာ ဂမ်ဘီယာဘက်မှ မြန်မာ နိုင်ငံကို အပြင်းအထန်စွပ်စွဲခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း ပြန်လည်ချေပလျှောက် လွဲချက်ပေးခဲ့သည်။

အဆိုပါအမှုကို လာမည့် ဇန်နဝါရီလဆန်းပိုင်းတွင် ကြားဖြတ်အရေးယူမှု ဆောင်ရွက်ဖို့ လို၊ မလိုဆိုတာကို အဖြေပေးမည်ဟုသိရကြောင်း နယ်သာလန်သို့သွားရောက်သတင်းယူနေသည့် မြန်မာသတင်းသမား တချို့က ပြော သည်။

ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို စွပ်စွဲရာတွင် အများစုမှာ ကုလ၏အချက်အလက်ရှာဖွေရေးကော်မရှင်မှ ထုတ်ပြန်ခဲ့သည့်အရာများပေါ်တွင် အခြေခံကာ စွပ်စွဲခဲ့ခြင်းဖြစ်ကာ အချက်အလက်အသစ်များနှင့် ကိန်းဂဏန်းအတိ အကျမပါဝင်သောကြောင့် ICJ မှစစ်ဆေးရန် မသင် ကြောင်း မြန်မာဘက်မှ တရားရုံးတွင်တင်ပြခဲ့သည်။

ထို့အပြင် ဂမ်ဘီယာနိုင်ငံသည် အိုအိုင်စီ အထောက်အပံ့နှင့် တရားစွဲခြင်းဖြစ်ပြီး ဘင်ဂလားဒေ့ရှ်ကဲ့သို့လည်း တိုက်ရိုက်ပက်သက်မှုမျိုး မရှိသောကြောင့် တရားစွဲဆိုမှုကို လက်မခံသင့်ကြောင်းလည်း ဒီဇင်ဘာ ၁၂ ရက်နေ့ကြား နာမှုနောက်ဆုံးနေ့တွင် ချေပခဲ့သည်။

အလားတူ မြန်မာနိုင်ငံကိုယ်စားသွားရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂမ်ဘီယာ၏ စွဲဆိုမှုများသည် ဥပဒေအကြောင်းရ ခိုင်မာမှု မရှိဘဲ ထုတ်နှုတ်ကိုးကားထားခြင်းမျိုးသာ ဖြစ်သည့်အတွက် စွဲချက်ကိုပယ်ဖျက်ပေးရန်ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ဘဂ်လားဒေ့ရှ်နှစ်နိုင်ငံဆောင်ရွက်နေသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များလည်းရှိနေပြီး အစိုးရမှကြိုးစား အကောင်အထည်ဖော်နေသည့် ပြည်တွင်ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များလည်းရှိနေ သောကြောင့် သက်ရောက်မှုများကိုလည်းထည့်သွင်း စဉ်းစားပေးရန် ပြောဆိုခဲ့သည်။

ဂမ်ဘီယာနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ်ဖောက်ဖျက်မှုဖြင့် ပြင်းထန်သည့်စွပ်စွဲချက် များကို တရားရုံးသို့တင်ပြထားပြီး ယင်းထဲတွင်လူ့အခွင့်အရေးချိုးဖောက်မှု များစွာထည့် သွင်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly