ကာမလိမ်လည်မှုနှင့် တရားစွဲခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင် အာမခံရရှိ

13 December 2019
ကာမလိမ်လည်မှုနှင့် တရားစွဲခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင် အာမခံရရှိ

ကာမလိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ ၄၁၇နှင့် ရန်ကင်းမြို့နယ်တရားရုံးတွင် တရားစွဲခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ ၁၃ရက်နေပတွင် တရားရုံးက အာမခံပေးခဲ့သည်။

"ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရတဲ့ မိုးအောင်ရင် ရောက်လာပါတယ်။ ရောက်လာပြီးတော့ အာမခံလျှောက်ထားတဲ့အတွက် တရားရုံးကနေပြီးတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆အရ ကျပ်သိန်း၁၀၀တန် ခံဝန်သူနှစ်ဦးနဲ့ အချုပ်လွတ်ထုချေခွင့်ပြုခဲ့ပါတယ်" ဟု ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းက တရားရုံး ပြန်ကြားရေး တာဝန်ရှိသူအဖြစ်  မီဒီယာများကို ပြောသည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/64251

ရိုက်ကူး /တည်းဖြတ် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly