ICJ တရားရုံးရှေ့နောက်ဆုံးနေ့ စုဝေးပွဲများ

13 December 2019
ICJ တရားရုံးရှေ့နောက်ဆုံးနေ့ စုဝေးပွဲများ

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု ICJ နိုင်ငံတကာ တရားရုံးက ကြားနာပွဲတွေ ကျင်းပနေတဲ့ အချိန်မှာပဲ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ရိုဟင်ဂျာ လူ့အခွင့်အရေး အရေးလှုပ်ရှားသူတွေ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံတဲ့ မြန်မာအစိုးရကို ထောက်ခံသူတွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သွေးစည်းညီညွတ်မှုကို ပြသတဲ့သူတွေ ICJ ရုံးရှေ့မှာ စုဝေးနေကြပါတယ်။ စုဝေးရောက်လာသူတွေထဲက ကန့်ကွက်သူ၊ ထောက်ခံသူ တချို့ကို ICJ တရားရုံး ရုံးစိုက်တဲ့ Peace Palace ငြိမ်းချမ်းရေး နန်းတော်ရှေ့မှာ VOA မြန်မာပိုင်း အစီအစဉ်က ကိုဝင်းခန့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။