နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ငါးစားပေးသင့်တဲ့အကြောင်းအရင်းက တော်တော်လေးများပါတယ်။ လူတိုင်းဟာ သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေ ထဲမှာ ငါးကို ပါအောင်စားပေးသင့်ပါတယ်၊ လို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းက အကြံပြုတိုက်တွန်းထားပါတယ်။

Fatty acid ကြွယ်ဝစွာပါဝင်နေတဲ့ ငါးတွေကို တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်အထိစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာရောက်ပါတယ်။ အရွယ်ရောက်ပြီးးသူတစ်ယောက်အနေနဲ့ တစ်ပတ်တာကို ငါး ၃.၅ အောင်စ စားသုံးပေးသင့်ပါတယ်။ အကောင်းဆုံးသောငါးတွေကတော့ ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်၊ဆာဒင်း၊ ထရောက်ငါးတွေပါ။

ငါးစားတဲ့အခါမှာလည်း ကင်စားတာ၊ပေါင်းစားတာ၊ ချက်စားတာတွေက ကြော်စားတာထက်ပိုသင့်တော်ပါတယ်။ omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ငါးတွေကသွေးကြောကျဉ်းတာ၊ သွေးကြောတွေတောင့်တင်းတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးတာကြောင့် ရုတ်တရက်နှလုံးရပ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ သွေးခဲတွေပိတ်ဆို့တာ၊ သွေးတွင်းအဆီများတာတွေကို သိသိသာသာလျော့ကျစေမှာပါ။

နှလုံးကျန်းမာရေးအဖွဲ့အစည်းကတော့တစ်ပတ်တာကို ဆယ်လ်မွန် ၄ အောင်စ ပုံမှန်စားသုံးပေးမှုက omega-3 fatty acids ၂၅၀ မီလီဂရမ်ပမာဏကို စားသုံးတာနဲ့ညီမျှပါတယ်။ ၂၀၀၂ ခုနျစ်ကလည်း နှလုံးကျန်းမာမှုအတွက် ငါးစားတာက အထောက်အကူဖြစ်စေတယ်လို့လေ့လာတွေ့ရှိခဲ့တာပါ။ ဒီလေ့လာချက်ကို ခိုင်မာစေဖို့နောက်ထပ်ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာလည်း ငါးစားသုံးမှုက နှလုံးကျန်းမာစေတယ်ဆိုတဲ့ ရလဒ်ကိုပဲတွေ့ရှိခဲ့ပါတယ်။

သိပ္ပံနည်းကျလေ့လာမှုတွေအရ အသားတွေစားသုံးမှုက ပြည့်ဝဆီပါဝင်မှုများတာကြောင့် သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့တာမျိုးဖြစ်စေနိုင်ပြီး ငါးမှာတော့ အကျိုးပြုအဆီပဲပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောများတာမျိုးမ ရှိသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင်ရရှိစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုတွေအရတော့ တစ်ပတ်ကို တစ်ကြိမ် ငါးစားသုံးမှုက နှလုံးရောဂါခံစားရနိုင်ခြေကို အနည်းငယ်လျော့ကျစေနိုင်ပြီး လေဖြတ်တာ၊ ရုတ်ရက်နှလုံးရပ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကို ထိုက်သင့်သလောက်လျော့ကျ စေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အသားတွေကနေရယူမယ့်အစား ငါးနဲ့ ပင်လယ်စာတွေကနေရယူတာကနှလုံးရောဂါဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပြီး ကျန်းမာစေနိုင်ပါတယ်။

ငါးနဲ့ပင်လယ်စာကို စားသုံးတဲ့အခါမှာလည်း ကြော်စားတာမျိုးမလုပ်သင့်ပါဘူး။ ငါးကိုကြော်စားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ရာမရောက်ဘဲ အားပေးရာရောက်နေတာကြောင့်ပါ။ ငါးအပါအဝင် ပင်လယ်စာတွေကိုကြော်စားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ပုံမှန်ထက် ၄၈ ရာခိုင်နှုန်းပိုများစေနိုင်ပါတယ်။

ငါးစားတဲ့အခါတိုင်းမှာလည်း မာကျူရီများတဲ့ငါးတွေကို မစားသင့်ပါဘူး။ အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေက မာကျူရီပါတဲ့ ပင်လယ်စာတွေကို မစားသင့်ပါဘူး။ ငါးကို နှလုံးရောဂါကာကွယ်ဖို့ စားသုံးလို့ရသလို နှလုံးရောဂါခံစားနေရသူတွေ နှလုံးကျန်းမာစေဖို့အတွက်လည်း စားသုံးလို့ရပါတယ်။
နှလုံးကျန်းမာချင်တယ်ဆိုရင် တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly