ICJ တရားရုံးရှေ့ ဒုတိယနေ့နဲ့ စုဝေးပွဲများ

12 December 2019
ICJ တရားရုံးရှေ့ ဒုတိယနေ့နဲ့ စုဝေးပွဲများ

ICJ တရားရုံးရှေ့ ဒုတိယနေ့နဲ့ စုဝေးပွဲများ
 *******************
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု  ICJ နိုင်ငံတကာ တရားရုံးက ကြားနာပွဲတွေ ကျင်းပနေတဲ့ အချိန်မှာပဲ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ရိုဟင်ဂျာ လူ့အခွင့်အရေး အရေးလှုပ်ရှားသူတွေ ICJ ရုံးရှေ့မှာ စုဝေးနေကြပါတယ်။ မနေ့က စုဝေးရောက်ရှိလာသူတွေထဲမှာ ဂမ်ဘီယာနိုင်ငံဘက်က စွတ်စွဲချက်ကို ထောက်ခံသူတွေ၊ မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်ကို ရှုတ်ချသူတွေ အများစုပါပေမယ့် မနေ့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံတဲ့ မြန်မာအစိုးရကို ထောက်ခံသူတွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သွေးစည်းညီညွတ်မှုကို ပြသဖို့ ရောက်လာတဲ့ နိုင်ငံစုံက မြန်မာနိုင်ငံသားတွေ ပါဝင်ပါတယ်။ စုဝေးရောက်လာသူတွေထဲက ကန့်ကွက်သူ၊ ထောက်ခံသူ တချို့ကို ICJ တရားရုံး ရုံးစိုက်တဲ့ Peace Palace ငြိမ်းချမ်းရေး နန်းတော်ရှေ့မှာ VOA မြန်မာပိုင်း အစီအစဉ်က ကိုဝင်းခန့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required