အနာဂါတ်တွင် စမောလင်း မန်ယူအသင်းခေါင်းဆောင်ဖြစ်လာနိုင်ဟု ဗန်ဟားလ်ပြော

အနာဂါတ်တွင် စမောလင်း မန်ယူအသင်းခေါင်းဆောင်ဖြစ်လာနိုင်ဟု ဗန်ဟားလ်ပြော

အောက်တိုဘာ ၂၃၊ မန်ချက်စတာ ။             ။ ခြေစွမ်းပြနေသော စမောလင်းသည် အနာဂါတ်တွင် မန်ယူအသင်း ခေါင်းဆောင်ဖြစ်လာနိုင်သည်ဟု နည်းပြဗန်ဟားလ်က ယုံကြည်နေသည်။

စမောလင်းသည် ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ခြေစွမ်းထက်မြက်သည့် ကစားမားတစ်ယောက် အနေဖြင့် ပါဝင်လာတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် ဒါဘီပွဲတွင် ထုတ်ပယ်ခံခဲ့ရသည့် စမောလင်းသည် တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်၌ကစားမည့်ပွဲတွင် မန်ယူအသင်း၏ လက်ရှိရာသီ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ပါဝင်နိုင်မည်ဖြစ်သည်။

ပြိုင်ပွဲစုံနောက်ဆုံး ၂၂ ပွဲကစားပြီးနောက် နည်းပြရွိုင်းဟော့ဒ်ဆန်၏ အင်္ဂလန်အသင်းတွင်လည်း အရေးပါသောကစားသမားဖြစ်လာသည့် စမောလင်းနှင့်ပတ်သက်ပြီး မန်ယူနည်းပြ ဗန်ဟားလ်က ဦးဆောင်သူတစ်ဦးဖြစ်လာလိမ့်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

"ရွန်နီက အသင်းခေါင်းဆောင်ဖြစ်ပြီး သူ့နောက်မှာတော့ ကာရစ်ပေါ့။ ဒါပေမဲ့ သူတို့မရှိတော့ရင် စမောလင်းလုပ်နိုင်လိမ့်မယ်။ ဒါကြောင့် သူ့ကိုဒီအနေအထားရောက်ဖို့ ကျွန်တော် တွန်းအားပေး ထားတယ်"ဟု ဗန်ဟားလ်က ပြောသည်။

၁၂ လတာကာလအတွင်း စမောလင်းကိုမည်သို့ပြောင်းလဲပေးခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၍လည်း ဗန်ဟားလ်က ၎င်း၏ဦးစားပေးလုပ်ဆောင် မှုမှာ ကစားသမားကိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရန်နှင့် အသံပိုထွက်ကစားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကစားသမားတိုင်းက တိုးတက်အောင်ကိုယ့်ဘာသာလုပ်ယူရပါတယ်"ဟု ပြီးခဲ့သည့်နှစ်ဒါဘီတွင်ထုတ်ခံရသောစမောလင်းကို မိုက်မဲသူဟု ပြောခဲ့ဖူးသည့် ဗန်ဟားလ်က ဆိုသည်။

Ref; Daily Ma

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly