ကုလတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ဒေါ်အောင်ဆန်းစုကြည် ခုခံကာကွယ်

ကုလတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ဒေါ်အောင်ဆန်းစုကြည် ခုခံကာကွယ်

ဒီဇင်ဘာ ၁၁ ။           ။ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က လူနည်းစု မွတ်ဆလင်များအပေါ် ရှင်းလင်းမှုများ ရှိခဲ့သည်ဆိုသော  စွပ်စွဲချက်များနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၁ ရက်က ကုလတရားရုံးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခုခံကာကွယ် ရှင်းလင်းပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သည်ဟိတ်မြို့ တရားရုံးတွင် ငြင်းဆိုပယ်ချသွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် မြန်မာစစ်တပ်အနေဖြင့် အချိုးအစားမညီမျှသော အင်အား အသုံးပြုကောင်း ပြုခဲ့ရနိုင်သော်ငြားလည်း ယင်းအတွက်ကြောင့် လူနည်းစု မွတ်ဆလင်အုပ်စုကို ပျောက်ကွယ်အောင် ရှင်းထုတ်ရန် ကြိုးစားခဲ့သည်ဆိုပြီး စွပ်စွဲ၍ မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်က မွတ်ဆလင် ၇၄၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးစေခဲ့သော ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုများနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ စိတ်မကောင်းစရာ ကောင်းတာက ဂမ်ဘီယာနိုင်ငံက ရခိုင်ပြည်နယ်က အခြေအနေမှန်ကို မသိဘဲ လွဲမှားပြီး မပြည့်စုံတဲ့ အထောက်အထားတွေနဲ့ တရားရုံးမှာ တင်ပြတိုင်တန်းလာတာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အလားတူ ၂၀၁၇ ခုနှစ်က ရာနှင့်ချီသော ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာ ဟုဖော်ပြ) စစ်သွေးကြွ များ၏ တိုက်ခိုက်မှုတစ်ရပ်ကို မြန်မာစစ်တပ်ဘက်က ပြန်လည် တုန့်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း သူမက ပြောသွားသည်။

ရခိုင်ပြည်နယ်က ဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့်လည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေခဲ့ကြောင်း သူမက ပြောသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly