ICJ မှာ အမှုရင်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းနီတပ်(SNA) ထောက်ခံ

ICJ မှာ အမှုရင်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းနီတပ်(SNA) ထောက်ခံ
 ပုံ - SNA (fb) ရှမ်းနီအမျိုးသားများတပ်ဖွဲ့(SNA)ကို တွေ့ရစဉ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁။           ။ နယ်သာလန်နိုင်ငံ သဟိဂ်(သည်ဟိဂ်)မြို့မှာရှိသည့် နိုင်ငံတကာ တရားရုံးမှာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် စွပ်စွဲခံ ရခြင်းကို သွားရောက်ရင်ဆိုင်နေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား ထောက်ခံကြောင်း ရှမ်းနီအမျိုးသားများတပ်ဖွဲ့(SNA)က ဆိုသည်။

ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်နှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် သွားရောက် ရင်ဆိုင် ဖြေရှင်းနေသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ထောက်ခံကြောင်း SNA မှ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ် ပြန်ခဲ့သည်။

SNA မှ ဗဟိုကော်မတီဝင် ဆေစိုင်းခွန်အောင်က “ လေ့လာချက်တွေအရတော့ ဂမ်ဘီယာနိုင်ငံက တရားစွဲ တယ်ဆိုတာက မြန်မာနိုင်ငံကို တရားစွဲတာ။ လူပုဂ္ဂိုလ် အဖွဲ့အစည်းကို စွဲတာမဟုတ်ဘူး။ အဲဒီတော့ မြန်မာ နိုင်ငံသား အားလုံးကို တရားစွဲသလို ဖြစ်နေတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက် ဖြေရှင်းတဲ့ အပေါ်ကို ထောက်ခံရတာဖြစ်ပါတယ်” ဟု ပြောသည်။

လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူမျိုးတစ်မျိုး၏ ရပ်တည်မှုမရှိစေရန် သို့မဟုတ် တစ်နည်းနည်းဖြင့် လျော့နည်း ပ ပျောက်သွားစေရန် ဆောင်ရွက်ခြင်းတို့သည့် ကုလသမဂ္ဂမှ သတ်မှတ်ထားသော လူမျိုးတုံးစေရန် ဆောင်ရွက် ခြင်း၊ ဂျီနိုဆိုက်တွင် အကျုံးဝင်သော ဖြစ်ရပ်များဖြစ်ပြီး အင်မတန် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စရပ်များ ဖြစ်သည့် ဂျီနိုဆိုက်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်း ရှမ်းနီအမျိုးသားများတပ်ဖွဲ့(SNA)မှ အစဉ်တစိုက် ဆန့် ကျင် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်နှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဒီဇင်ဘာ ၁၀ ရက်က စတင်ကြားနာနေပြီဖြစ်ကာ ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)မှာတော့ မြန်မာနိုင်ငံဘက်က စွပ်စွဲချက်များကို ပြန် လည် ရှင်းလင်းရမည်ဖြစ်သည်။

နိုင်ငံရေးလေ့လာသူများနှင့် ရှေ့နေများကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖြေရှင်းခြင်းမျိုး မလုပ်ဆောင်ဘဲ ဥပဒေတတ်ကျွမ်းသည့် ဥပဒေပညာရှင်များ သွားရောက် ဖြေရှင်း သင့်သည်ဟု အကြံပြုလျက်ရှိကြသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် စတင်ကြားနာသည့် ဒီဇင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပုသိမ်မြို့ကြီးများ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ မြို့များတွင် စွပ်စွဲချက်များကို သွားရောက်ရင်ဆိုင်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများကို ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ထုတ်ပြန်သည့် ရှမ်းနီအမျိုးသား များတပ်ဖွဲ့(SNA)သည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းကာ ရှမ်းနီတိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိ ရေး နှင့် ရှမ်းနီပြည်နယ်ရရှိရေးအတွက် ကြိုးပမ်းနေသည့် ရှမ်းနီလက်နက်ကိုင် ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly