၀န်ထမ်း ၂၀၀ နီးပါးကို ဘောနပ်စ်ငွေ ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်ခဲ့သည့် အမေရိကန်ကုမ္ပဏီ

၀န်ထမ်း ၂၀၀ နီးပါးကို ဘောနပ်စ်ငွေ ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်ခဲ့သည့် အမေရိကန်ကုမ္ပဏီ

ဒီဇင်ဘာ ၁၁။           ။ အမေရိကန် အိမ်ခြံမြေကုမ္ပဏီတစ်ခုက အားလပ်ရက် ပါတီပွဲတစ်ခုအတွင်း ဝန်ထမ်းများကို ဘောနပ်စ် အပိုဆုကြေးငွေအဖြစ် ကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သော ယင်းပါတီပွဲတွင် ကုမ္ပဏီ အကြီးအကဲများဘက်က ဒေါ်လာ ၁၀ သန်းအထိ ဘောနပ်စ်ငွေ ထုတ်ပေးထားကြောင်း သိရှိလိုက်ရချိန်တွင် ဝန်ထမ်းအားလုံး အံ့သြတကြီး ဖြစ်ခဲ့ကြရသည်။

ယင်း ဘောနပ်စ်ငွေကို ကုမ္ပဏီတွင် ရှိနေသည့် ဝန်ထမ်း ၁၉၈ ဦး အညီအမျှ ခွဲဝေပေးခဲ့ရာ တစ်ဦးလျင် ဒေါ်လာ ၅၀,၀၀၀ ခန့်စီ ရရှိခဲ့ကြသည်။

မေရီလန်းပြည်နယ်ရှိ စိန့်ဂျွန် အိမ်ခြံမြေ ကုမ္ပဏီက  ပြီးခဲ့သည့်နှစ်က ကုမ္ပဏီ၏ လျာထားချက် ပြည့်မြောက်ခဲ့သည့်အတွက် ယခုကဲ့သို့ ဝန်ထမ်းများကို ဆုချခဲ့ခြင်း ဖြစ်ကြောင်း ကုမ္ပဏီတည်ထောင်သူ အက်ဒ်ဝါ့ စိန့်ဂျွန်က ကြေညာသွားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly