ပျောက်ဆုံးနေသော ဆရာဝန်သားအဖကို အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းရှာဖွေ

ပျောက်ဆုံးနေသော ဆရာဝန်သားအဖကို အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းရှာဖွေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ။         ။ ပျောက်ဆုံးနေသည်မှာ ငါးရက်ကြာပြီဖြစ်သော ဒေါက်တာ အေးဇော်ထွန်းနှင့် ၎င်း၏သားကို ကျိုက်မရောမြို့နယ်တွင် မော်လမြိုင် လူမှုကယ်ဆယ်ရေး၊ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေး၊ ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် မုပွန်၊ မြိုင်သာယာ ရဲတပ်ဖွဲ့ ပူးပေါင်းကာ ရှာဖွေလျှက်ရှိသည်ဟု သိရသည်။

 ဒီဇင်ဘာလ ၆ ရက်နေ့က မုပွန်ရဲစခန်းကို လူပျောက်တိုင်ကြားခဲ့ပြီး ကျိုက်မရောအဝိုင်းဘက်တွင် တွေ့ရသည့် CCTVမှတ်တမ်းအရ ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ရှာဖွေနေသည်မှာ နှစ်ရက်က်ခန့် ရှိပြီ ဖြစ်သည်။

 “ကျိုက်မရော အဝိုင်းဘက်ကို signal ပြပြီး မောင်းသွားတဲ့ CCTVကနောက်ဆုံးတွေ့ရတာဆိုတော့ ကျိုက်မရောမြို့အနှံ့ ရှာနေတယ်၊ သူနဲ့ နောက်ဆုံး တွေ့တဲ့ထဲက ဟိုတယ်မှာ တည်းတဲ့ နှစ်ယောက်ကတော့ စကားအပြောအဆိုက မသကာင်္ဘူးလို့တော့ ပြောလို့ရတယ်၊ နောက်မိန်းမယူသွားတာတော့ မဖြစ်နိုင်ဘူး၊ သူတို့မိသားစုအသိုင်းအဝိုင်းကလည်း ရှိပါတယ်၊ဘယ်လိုမှ သုံးသပ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ရှာဖွေမှုတွင် ပါဝင်သည့် ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဦးဆောင်သူ ဦးဘိုဘိုဝင်းက ဆိုသည်။

 ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ၎င်း၏ သားအပါအဝင် ဂိမ်းဆော့ရင်း ခင်မင်ရင်းနှီးသော သူငယ်ချင်းသုံးဦးနှင့် မော်လမြိုင်ရှိ ဧရာဝတီစားသောက်ဆိုင်တွင် ဆုံတွေ့ပြီးနောက် (၁၀)နာရီခွဲခန့်တွင် လမ်းခွဲကာ ကျိုက်မရောအဝိုင်းဘက်ကို ကားဖြင့် မောင်းလာခဲ့သည်ဟု သိရသည်။  

 လက်ရှိတွင်  ဒေါက်တာ အေးဇော်ထွန်းမပျောက်ခင် နောက်ဆုံးတွေခဲ့သည့် လူသုံးဦးကို မုပွန်ရဲစခန်းက စစ်ဆေးနေပြီး  အဆိုပါ လူသုံးဦးကို သံသယမရှိဟု မုပွန်ရဲစခန်း စခန်းမှူးက ဆိုသည်။

 လက်ရှိ ဆိုရှယ်မီဒီယာများတွင် ဖော်ပြနေသော သိန်း(၂၀)နှင့် ကားထားခဲ့ပါက ပြန်လွှတ်ပေးမည်ဟု ၎င်း၏မိသားစုကို ဖုန်းဆက်ခြိမ်းခြောက်သည်ဆိုသည့် သတင်းမှာလည်း သတင်းအမှားသာ ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ ဆက်သွယ်လာခြင်း မရှိကြောင်း ၎င်း၏ဇနီးဖြစ်သူက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly