အလယ်တန်းပြဆရာမကို ကြိမ်လုံးဖြင့် ရိုက်သည့် ကျောင်းအုပ်ဆရာမကြီးကို စုံခုံအဖွဲ့ဖြင့် စစစ်

အလယ်တန်းပြဆရာမကို ကြိမ်လုံးဖြင့် ရိုက်သည့် ကျောင်းအုပ်ဆရာမကြီးကို စုံခုံအဖွဲ့ဖြင့် စစစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀။             ။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အထက(၅)မှ အလယ်တန်းပြ ဆရာမတစ်ဦးကို ကြိမ်လုံးဖြင့် ရိုက်ခဲ့ သည့် ကျောင်းအုပ်ဆရာမကြီးအား စုံခုံအဖွဲ့ ဖွဲ့စည်းကာ စတင် စစ်ဆေးနေပြီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာဒုံမြို့နယ် အထက (၅)မှ ကျောင်းအုပ် ဆရာမကြီး အား ခရိုင်ပညာရေးမှူး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့် စုံခုံဖွဲ့ စစ်ဆေးရန် ညွှန်ကြားခဲ့ပြီး စုံစမ်း စစ် ဆေးမှုကို ဒီဇင်ဘာလ ၉ ရက်က စတင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ) ဦးအောင်ကျော်ဦးက “အခုကတော့ ကျွန်တော် တို့ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ စုံခုံအဖွဲ့ ခရိုင်ပညာရေးမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မနေ့က စပြီးတော့ စစ်ဆေး နေ ပါပြီ။ ခုံရုံးက ထွက်လာတဲ့ အဖြေကတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ အခြေခံ ကို ဆက်တင်ရမယ်။ အပြစ် ရှိရင်တော့ ခံရမယ်။ အပြစ်ရှိ-မရှိ စစ်တာပေါ့။ စုံခုံဆိုတာကတော့ အရေးယူတော့ မယ့် အဆင့်ပေါ့။ ဝန်ထမ်းတစ်ယောက်ကို စစ်ဆေးတာတော့ ဒါက အမြင့်ဆုံးအဖွဲ့ပါ”ဟု ပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် Grade-7D ကို တာဝန်ယူ သင်ကြားသည့် ဆရာမတစ်ဦး ခွင့်ယူသည့်အတွက် အလယ်တန်းပြဆရာမ ဒေါ်မူမူက အစားထိုး သင်ကြားရေး ဆောင်ရွက်နေ စဉ် ကျောင်းအုပ် ဒေါ်ဆွေဆွေမြင့်မှ Grade-7(A,B,C) အတန်းများကို လှည့်လည် ဆူပူကြိမ်းမောင်းကာ အတန်း ထဲသို့ ဝင်လာပြီး “နင်တို့အားလုံးကို ရိုက်ချင်သည်ဟုဆိုကာ ကျောင်းသား/သူများရှေ့တွင် ကြိမ်လုံးဖြင့် ရိုက် နှက်ခဲ့ကြောင်း” ဆရာမ ဒေါ်မူမူ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းကို ရိုက်နှက်ကြောင်းနှင့် အချက် မည်မျှရိုက်နှက်ကြောင်းကိုတော့ ဖော်ပြ ထားခြင်း မရှိကြောင်း သိရသည်။

အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများဖြင့် ပြန်လည်သုံးသပ်ပြီး အခြေခံပညာ ဦးစီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြကာ ပြစ်ဒဏ် ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ) ဦးအောင်ကျော်ဦးက ပြောသည်။

မူလတန်းပြဆရာမတစ်ဦးက “ ဝန်ထမ်းတစ်ဦးကို အထက်လူကြီးက ခုလိုမျိုး ရိုက်နှက်တာတော့ မကောင်းဘူး။ ကျောင်းသား/ကျောင်းသူကို တောင် ရိုက်နှက်ဆုံးမလို့ မရတော့ဘူး။ ဒီလိုမျိုးကိစ္စတွေကို အလားတူ ထပ်ဖြစ် မလာဖို့ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်” ဟု ပြောသည်။

ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်းခံရသည့် ဆရာမ ဒေါ်မူမူမှာ ၁၉၈၉ ခုနှစ်က စတင်၍ နိုင်ငံ့ ဝန်ထမ်းအဖြစ် လုပ်ကိုင် ခဲ့သူဖြစ်ပြီး ဆရာမ လုပ်သက် ၃၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required