ကင်ဂျုံအွန်း၏ ရန်လိုသောလုပ်ရပ်များအတွက် ထရမ့်သတိပေး

ကင်ဂျုံအွန်း၏ ရန်လိုသောလုပ်ရပ်များအတွက် ထရမ့်သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၉။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ရန်လိုသောလုပ်ရပ်များ အတွက် အားလုံးဆုံးရှုံးရဖွယ်ရှိကြောင်း ဒီဇင်ဘာ ၈ ရက်က သတိပေးပြော ကြားလိုက်သည်။ မြောက်ကိုရီးယား သည် ယမန်နေ့က Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ အရေးကြီးသည့် ဒုံးကျည်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ကြေညာပြီးနောက် ထရမ့်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ကင်ဂျုံအွန်းသည် အလွန်ပါးနပ်သူဖြစ်ပြီး ရန်လိုသောလုပ်ရပ်များကို လုပ်ဆောင်မည်ဆိုပါက အားလုံးဆုံးရှုံးရ လိမ့်မည်ဟု တွစ်တာတွင်ရေးသားခဲ့သည်။ ထရမ့်နှင့်ကင်ဂျုံအွန်းတို့သည်  ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ သုံးကြိမ် တွေ့ ဆုံပြီးပြီဖြစ်သော်လည်း နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ချေ။

ကင်ဂျုံအွန်းခေါင်းဆောင်သည့် မြောက်ကိုရီးယားနိုင်ငံသည် စီးပွားရေးအလားအလာ ကောင်းသော်လည်း ကတိပြုထားသည့်အတိုင်း နျူကလီးယားလက်နက်ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ နေတိုး၊ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တစ်ကမ္ဘာလုံးသည် အဆိုပါအရေးနှင့်ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်ကြောင်း ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

ကင်သည် ၂၀၁၈ ခုနှစ် ဇွန်လက နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက်ကို စင်္ကာပူတွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၎င်းသည် အမေရိကန်သမ္မတနှင့် ဆက်ဆံရေးကို ပျက်ပြယ်ချင်သည့် ဆန္ဒမရှိကြောင်း၊ ၂၀၂၀ နိုဝင်ဘာတွင်ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုလည်း နှောင့်ယှက်မှာ မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required