ပုံမှန်သွားတိုက်ခြင်းက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုး ရှိစေနိုင်ဟု လေ့လာချက်တစ်ခုတွင် ဖော်ပြ

ပုံမှန်သွားတိုက်ခြင်းက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုး ရှိစေနိုင်ဟု လေ့လာချက်တစ်ခုတွင် ဖော်ပြ

ဒီဇင်ဘာ ၈။          ။ တစ်နေ့လျင် သုံးကြိမ် ပုံမှန် သွားတိုက်သူများသည် သွားပုံမှန်မတိုက်ဘဲ ခံတွင်းသန့်ရှင်းမှု အားနည်းသူများနှင့် နှိုင်းယှဉ်ပါက နှလုံးခုန်မူမမှန်ခြင်း (atrial fibrillation) သို့မဟုတ် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း (heart failure) တို့ ဖြစ်နိုင်ခြေ ပိုမို လျော့က်နိုင်ကြောင်း တောင်ကိုရီးယား လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

နှလုံးခုန်မမှန်မှု၊ နှလုံး စွမ်းဆောင်ရည် ကျဆင်းမှု သို့မဟုတ် အခြား နှလုံးသွေးကြော ရောဂါများကို ယခင်က မခံစားခဲ့ရသူ ၁၆၁,၂၈၆ ဦးတို့၏ ဒေတာအချက်အလက်များကို သုတေသီများက ခွဲခြမ်းစိတ်ဖြာပြီး အဆိုပါ လေ့လာချက်ကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

အနည်းဆုံး ထက်ဝက်ခန့်ကို ၁၀ နှစ်ခွဲကြာ လေ့လာကြည့်ရှုခဲ့ပြီးနောက် လေ့လာခဲ့သူ ဦးရေ၏ ၃ ရာခိုင်နှုန်း သို့မဟုတ် ၄,၉၁၁ ဦးက နှလုံးခုန်မူမမှန်မှု ခံစားခဲ့ရပြီး အခြားလူပေါင်း ၇,၉၇၁ ဦးက နှလုံးစွမ်းဆောင်ရည် ကျဆင်းမှု ဝေဒနာ ခံစားခဲ့ရသည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။

 

အဆိုပါ လေ့လာမှုများအရ တစ်နေ့လျင် သုံးကြိမ် သွားပုံမှန်တိုက်သူများသည် သွားပုံမှန် မတိုက်သူများ၊ ခံတွင်းသန့်ရှင်းမှု အားနည်းသူများနှင့် နှိုင်းယှဉ်ပါက နှလုံးခုန်မူမမှန်မှု  ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း၊ နှလုံးစွမ်းဆောင်ရည် ကျဆင်းမှု ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း ပိုမို နည်းပါးသည်ကို သုတေသီများ လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အလားတူ ပရော်ဖက်ရှင်နယ်ကျသည့် သွားသန့်ရှင်းမှုများ ပုံမှန် ပြုလုပ်သူများသည် နှလုံးစွမ်းဆောင်ရည် ကျဆင်းမှုဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်း လျော့နည်းနိုင်သည်ဟုလည်း သိရသည်။

“တကယ်တော့ သွားကို မကြာမကြာ ပုံမှန်တိုက်ပေးခြင်းကနေတဆင့် ခံတွင်းသန့်ရှင်းမှုကို ကျန်းမာရေးနဲ့ ပိုကိုက်ညီစေတာ၊ ပရော်ဖက်ရှင်နယ် သွားသန့်ရှင်းမှု ပြုလုပ်တာတို့က နှလုံးခုန်မူမမှန်ခြင်း နဲ့ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေကောင်းစေနိုင်ပါတယ်” ဟု ဆိုးလ်မြို့ရှိ Ewha Womans University College of Medicine မွ ေဒါက္တာ Tae-Jin Song က ပြောသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly