မြိတ်၊ ဒီဇင်ဘာ (၇) ။ ။ တနင်္သာရီတိုင်းဒေသကြီး ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်ရန် ဒုသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းပြောဆိုခဲ့သည်။
တနင်္သာရီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ဒီဇင်ဘာလ ၇ ရက်နေ့က စတင် ကျင်းပခဲ့ရာ အခမ်းအနး ဖွင့်ပွဲတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တနင်္သာရီတိုင်း ဒေသကြီးဟာ မဟာမဲခေါင်းရဲ့ အနောက်ဖက်ဆုံး ဝင်ပေါက် သဖွယ် ဖြစ်နေပြီး၊ ဒေသတွင်း နိုင်ငံများနဲ့ တောင်ပိုင်း စီးပွားရေး စင်္ကြန် အဖြစ် ချိတ်ဆက် နိုင်မယ့် နေရာ အဖြစ် တည်ရှိ နေပါတယ်”ဟု ပြော ဦးမြင့်ဆွေက ဆို သည်။
ကမ္ဘာ့နိုင်ငံများ၏ ကမ်းရိုးတန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို နမူနာယူပြီး တနင်္သာရီတိုင်း ဒေသကြီး၏ ကမ်းရိုးတန်း ဒေသ တလျှောက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နိုင်ရန် အတွက် ထားဝယ် အထူး စီးပွားရေးဇုန်ကို တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ဒုသမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။
ထားဝယ် အထူး စီးပွားရေးဇုန်သည် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖော်ဆောင်ပေးခြင်း၊ မဟာမဲခေါင် တောင်ပိုင်း စီးပွားရေး စင်္ကြန်နှင့် အရှေ့လယ်ပိုင်း ဒေသ အိန္ဒိယ စသည့် စျေးကွက်များနှင့် ချိတ်နိုင်သည့် နေရာတွင် အရေးပါ လာမည် ဖြစ်သည့် အတွက် အဆိုပါ အခွင့် အလမ်းများကို အမိ အရ ဖမ်းဆုပ်ဖို့ လိုကြောင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင်ပြောဆိုဆွေးနွေးကြသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ပြခန်းပေါင်း ၁၀၀ နီးပါးနှင့် ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်နန်းရှင် စုစုပေါင်း ၅၆၄ ဦး တက်ရောက် ခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/