ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ။

ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ။

ရေးသားသူ Dr. Yee Mon Lwin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

မိုးတွေလည်းစဲ၊ ရုံးတွေကျောင်းတွေကလည်းပိတ်ပြီ ဆိုတော့ အားလုံး ခရီးသွားဖို့ပြင်ဆင်နေကြပြီ ထင်ပါတယ်နော်။ ခရီးမသွားခင်၊ ဒါမှမဟုတ် သွားနေရင်း ဖျားနာတာတွေဖြစ်ပြီး မပျော်လိုက်ရတာတွေမဖြစ်စေဖို့ ခရီးသွားရာသီမှာဖြစ်တတ်တဲ့ ရောဂါလေးတွေနဲ့အတူ ဆောင်သွားသင့်တဲ့ဆေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရာသီအကူးအပြောင်းကြောင့် ဖျားနာတာတွေ။

https://hellosayarwon.com/wp-content/uploads/2019/10/first-aid-kit-from-top-view_117856-459-300x194.jpg?x39828

ဒါကြောင့် ခရီးသွားရင် သွားမယ့်နေရာနဲ့ သင့်တော်တဲ့ အနွေးထည်၊ အင်္ကျီတို့ကို ယူသွားပါ။

အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး ပါရာစီတမော၊ အအေးမိတာကြောင့်ဖြစ်တဲ့ နှာချေ နှာမွှန် ပျောက်ဆေး တို့လည်းဆောင်သွားပါ။ ဒါတွေဟာ အိမ်သုံးဆေးဝါးတွေပဲဖြစ်တဲ့အတွက် ဆေးဆိုင်မှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်နော်။

၂။ ကားမူးတတ်တဲ့သူတွေအတွက်။

https://hellosayarwon.com/wp-content/uploads/2019/10/asian-woman-wearing-face-mask-because-air-pollution-train_33794-221-300x200.jpg?x39828

ကားစီးရင် ကားမူးတတ်တဲ့သူတွေအတွက်လည်း dimenhydranite ပါဝင်တဲ့ ကားမူးပျောက်ဆေးကို ကားပေါ်မတက်ခင်တည်းက ကြိုသောက်ထားသင့်ပါတယ်။

၃။ အစားအသောက်မတည့်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။

https://hellosayarwon.com/wp-content/uploads/2019/10/bangkok-street-food_41781-8-300x200.jpg?x39828

အားလုံးက ခရီးသွားရင်း ဒေသစာတွေက မဆင်မခြင်စားမိတတ်တာကြောင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များကြပါတယ်။ ဒါအတွက် ဓါတ်ဆားထုတ်လေးတွေနဲ့ ဝမ်းပိတ်ဆေး (loperamide) ဟာမရှိမဖြစ်ပါ။ လက်ဆေးဖို့နေရာရှာမရတဲ့ချိန်တွေအတွက် ရေမလိုလက်သန့်ဆေးရည်ကိုပါဆောင်သွားရင်တော့ အကောင်းဆုံးပေါ့။

အစာမတည့်ဘဲ ယားယံတာတွေဖြစ်နိုင်တဲ့အတွက် ဓါတ်မတည့်ရင်သောက်တဲ့ဆေးဖြစ်တဲ့ antihistamine ပါတဲ့ဆေးတွေကိုလည်း လိုရမယ်ရ ဆောင်သွားသင့်ပါတယ်။

အစာအိမ်နာ၊ အစာမကြေ၊ လေထိုးလေအောင့်ဖြစ်တတ်တဲ့သူတွေကလည်း အစာကြေဆေး၊ လေဆေး၊ အစာအိမ်နာပျောက်ဆေး (antacid) တွေကိုဆောင်သွားဖို့ မမေ့ပါနဲ့ဦး။

၄။ အကောင်ပလောင်တွေအကိုက်ခံရတာ။

https://hellosayarwon.com/wp-content/uploads/2019/10/couple-trekking-together_53876-9-300x199.jpg?x39828

တောတွင်း တောင်တွင်း လမ်းလျှောက်တာ၊ တောင်တက်တာတို့အတွက်ဆိုရင်တော့ ခြင်မကိုက်ဆေး၊ အကောင်ကိုက်ခံရတာ၊ ပျားတုပ်ခံရတာတို့အတွက် calamine လိုရှင်းတို့ကို ဆောင်သွားသင့်ပါတယ်။

၅။ ချော်လဲ၊ ထိမိခိုက်မိတာတွေအတွက်။

ခရီးသွားရင်း ချော်လဲတာ၊ အသေးစား ခြစ်ရာ၊ ပွန်းပဲ့ရာ တွေအတွက် Betadine ပိုးသတ်ဆေးရည်၊ အနာကဒ်ပလာစတာ၊ အရက်ပြန်၊ ဂွမ်းတို့ကိုလည်း သယ်သွားသင့်ပါတယ်။

၆။ ပုံမှန်သောက်နေကျဆေးတွေ။

https://hellosayarwon.com/wp-content/uploads/2019/10/summer-women-s-beach-accessories-your-sea-holiday-first-aid-kit_104376-446-300x200.jpg?x39828

ဆီးချို၊ သွေးတိုးရောဂါဖြစ်နေသူတွေအတွက် ကိုယ်သောက်နေကျဆေးတွေကိုလည်း ကိုယ်ရောက်နေတဲ့ခရီးမှာ ဝယ်လို့မရတာတွေလည်းဖြစ်နိုင်ပါတယ်။ ဒီလိုနာတာရှည်ရောဂါတွေဟာ ဆေးနဲ့ထိန်းထားရတာဖြစ်တဲ့အတွက် ခရီးသွားမယ့်ရက်ကို ကြိုတွက်ပြီး ဆေးကဒ်တွေ ကြိုဝယ်ကြိုဆောင်ထားသင့်ပါတယ်။

ကိုယ်ဝန်တားဆေးသောက်နေတဲ့ မိန်းကလေးတွေကလည်း ခရီးသွားချိန်မှာ သောက်နေကျဆေးကဒ်ကို မပြတ်စေဖို့သတိထားပါ။ သုံးလခံထိုးဆေးထိုးတဲ့သူတွေဆိုလည်း ထိုးရမယ့်ရက်ရောက်ခါနီးပြီးဆိုရင် ကြိုထိုးသွားသင့်ပါတယ်။

ရာသီလာခါနီး သို့မဟုတ် ရာသီလာနေတဲ့အချိန် ခရီးသွားမယ်ဆိုရင် ဗိုက်အောင့်တာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေး၊ အားဆေး၊ လစဉ်သုံးပစ္စည်း (Sanitary napkins, tampons) တွေကို အလုံအလောက်ယူသွားဖို့လည်း မမေ့ပါနဲ့ဦး။

၇။ တခြားတစ်ကိုယ်ရေ သန့်ရှင်းရေး၊ အလှအပအတွက်။

https://hellosayarwon.com/wp-content/uploads/2019/10/seashells-sunbathing-cosmetics_23-2147801058-300x200.jpg?x39828

နေပူတဲ့နေရာတွေ ဥပမာ ကမ်းခြေကို သွားမယ်ဆိုရင်တော့ နေရောင်ကာဆေး (sunscreen) ကို အဓိကယူသွားသင့်ပါတယ်။ နေလောင်သွားခဲ့ရင်လည်း လိမ်းဖို့အတွက် ရှားစောင်လက်ပတ် ဂျယ်လ် (Aloe vera Gel) ကိုလည်း ဆောင်သွားသင့်ပါတယ်။

ခံတွင်းသန့်ရှင်းပြီး အနံ့ဆိုးတွေမထွက်ဖို့လည်း ခံတွင်းသန့်စင်ဆေးရည်ကို ဆောင်သွားပါ။

မိန်းကလေးတွေအနေနဲ့ ခရီးသွားနေရင်း အဖြူဆင်းတာတွေ၊ အနံ့ဆိုးထွက်တာတွေဖြစ်နိုင်တဲ့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ကိုလည်း ဆောင်သွားဖို့မမေ့ပါနဲ့ဦး။

ကဲ ဒီလောက်ဆိုရင်တော့ ခရီးသွားရင်း ဖြစ်တတ်တာတွေ၊ ဆောင်သွားရမယ့် ဆေးတွေ၊ ပစ္စည်းတွေအကြောင်းစုံသွားပြီထင်ပါတယ်နော်။ ခုလို ပိတ်ရက်ရှည်တွေများတဲ့ ခရီးသွားရာသီမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးသွားနိုင်ဖို့အတွက် ဒီဆောင်ပါးလေးကို ဝေမျှလိုက်ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required