ဂရက်တာသွန်းဘာ့ဂ်အပါအဝင် တက်ကြွလှုပ်ရှားသူများက ရာသီဥတုဆိုးရွားလာမှုကို အရေးယူဆောင်ရွက် ပေးရန် စပိန်တွင် ချီတက်ဆန္ဒပြ

ဂရက်တာသွန်းဘာ့ဂ်အပါအဝင် တက်ကြွလှုပ်ရှားသူများက ရာသီဥတုဆိုးရွားလာမှုကို အရေးယူဆောင်ရွက် ပေးရန် စပိန်တွင် ချီတက်ဆန္ဒပြ

မက်ဒရစ်၊ ဒီဇင်ဘာ ၇ ။         ။ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ဒီဇင်ဘာ ၆ ရက်နေ့က ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရက်တာသွန်းဘာ့ဂ် အပါအဝင် ထောင်နှင့်ချီသောလူအုပ်ကြီးသည် UN ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP25 ) သို့ တက်ရောက်နေကြသည့် ကမ္ဘာ့ခေါင်းဆောင်များအား ရာသီဥတုဆိုးရွားလာမှုအပေါ် ဆောလျင်စွာ ဆောင်ရွက်ပေးရန် တောင်းဆိုကာ လမ်းမပေါ် ချီတက်ဆန္ဒပြကြသည်။

UN ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP25 ) ကို ဒီဇင်ဘာ ၂ ရက်မှ စ၍ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပနေခြင်းဖြစ်ပြီး အဆိုပါညီလာခံနှင့်အပြိုင် ချီတက်ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မူလက ညီလာခံလက်ခံကျင်းပရန် သတ်မှတ်ထားသည့် ချီလီနိုင်ငံတွင်လည်း တပြိုင်နက်တည်း ချီတက်ပွဲလုပ်ခဲ့သည်။

စုရုံးဆန္ဒပြပွဲသို့ လာရောက်ပူးပေါင်းခဲ့သည် ဆယ်ကျော်သက်အရွယ် ဂရက်တာဟာ လေယာဉ်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုရှိသည့်အတွက် စီးရန် ငြင်းဆိုခဲ့ပြီး အန္တလန္တိတ်သမုဒ္ဒရာကို ဖြတ်လျက် နှစ်စင်းတွဲရွက်လှေဖြင့်  သုံးပတ်ကြာ ခရီးနှင်ခဲ့သည်။

“လူတွေဟာ ရာသီဥတုနဲ့ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေဆိုးရွားမှုတွေကို သေလုမျောပါးခံစားနေရတဲ့အတွက် အာဏာရှိသူတွေအနေနဲ့ အရေးတယူဆောင်ရွက်ပေးစေချင်ပါတယ်၊ ကျွန်မတို့ ထပ်မစောင့်နိုင်တော့ပါဘူး” ဟု အသက် ၁၆ နှစ်အရွယ်ရှိ ဆွီဒင်နိုင်ငံသူ ဂရက်တာက ချီတက်ဆန္ဒပြပွဲမပြုလုပ်မီကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် တိုက်တွန်းပြောကြားသည်။

စုရုံးချီတက်ပွဲသို့ ကမ္ဘာအနှံ့အပြားမှ ရောက်ရှိလာသည့် ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူများသည် “ကမ္ဘာကြီးမရှိရင် အနာဂတ်ဆိုတာလည်း မရှိတော့ပါဘူး” “ကမ္ဘာကြီးက ပျက်သုဉ်းလုနီးပါးဖြစ်နေပြီ” ဆိုသည့် စာတန်းများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required