မော်ရီတေးနီးယား ကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူများ စက်လှေ နစ်မြုပ်၍ လူပေါင်း ၆၀ ကျော် သေဆုံး

By အယ်ဂျာဇီးယား
07 December 2019
မော်ရီတေးနီးယား ကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူများ စက်လှေ နစ်မြုပ်၍ လူပေါင်း ၆၀ ကျော် သေဆုံး
West Africa is struggling to generate enough jobs for its mushrooming young population, forcing many to take the perilous journey to Europe [File: Arturo Rodriguez/AP]

ဒီဇင်ဘာ ၇ ။           ။ အနောက်အာဖရိက မော်ရီတေးနီးယားနိုင်ငံ ကမ်းလွန် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရွှေ့ပြောင်းဝင်ရောက်သူများ စက်လှေ နစ်မြုပ်၍ ကလေးများ အပါအဝင် လူပေါင်း ၆၂ ဦး သေဆုံးကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းဝင်ရောက်သူများ အေဂျင်စီက ပြောသည်။

အလုပ်အကိုင်နှင့် စီးပွားရေး လမ်းဖြောင့်ရန်အတွက် ဥရောပသို့ စွန့်စားထွက်ခွာကြသည့် အနောက်အာဖရိကမှ ရွှေ့ပြောင်းသူများ၏ အဓိက လမ်းကြောင်းသည် အန္တရာယ်ပြွန်းသော ပင်လယ်ပြင်ကို ဖြတ်၍ သွားရသည်က အဓိကလမ်းကြောင်း ဖြစ်နေသည်။

ယခု စက်လှေနစ်မြုပ်မှုမှာ စပိန်နိုင်ငံက ရေပြင်ကင်းလှည့်မှုများ အရှိန်မြင့် ဆောင်ရွက်လာခဲ့သည့် ၂၀၀၀ ခုနှစ် နှစ်လယ်ကာလများနောက်ပိုင်း အသေအဆုံးအများသော ရွှေ့ပြောင်းဝင်ရောက်သူများ စက်လှေ နစ်မြုပ်မှုပဲ ဖြစ်သည်။

လူပေါင်း အနည်းဆုံး ၁၅၀ တင်ဆောင်လာသော အဆိုပါ စက်လှေသည် ဆီပြတ်လပ်သွားပြီး ရက်များစွာ သောင်တင်နေခဲ့ရာမှ မော်ရီတေးနီးယားသို့ ချည်းကပ်လာစဉ် နစ်မြုပ်ခြင်း ဖြစ်သည်။

လူ ၈၃ ဦးခန့်က ကမ်းခြေသို့ ကူးခတ်လာနိုင်ခဲ့ပြီး သေဘေးမှ လွတ်မြောက်သူများကို မော်ရီတေးနီးယားအာဏာပိုင်များက ကူညီမှုပေးနေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းဝင်ရောက်သူများအဖွဲ့ IOM က ပြောသည်။

IOM က ကနဦးတွင် သေဆုံးသူဦးရေကို ၅၈ ရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း ရုပ်အလောင်းများ ထပ်မံတွေ့ရှိ၍ သေဆုံးသူမှာ ၆၂ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required