ထပ်တူလက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သံတမန်များအား တရုတ်က စည်းမျဉ်းတင်းကြပ်

ထပ်တူလက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သံတမန်များအား တရုတ်က စည်းမျဉ်းတင်းကြပ်

ဒီဇင်ဘာ ၆ ။         ။ တရုတ်နိုင်ငံက အမေရိကန်အား ထပ်တူလက်တုံ့ပြန်ကာ နိုင်ငံတွင်းက အမေရိကန် သံတမန်များကို စည်းမျဉ်းတင်းကြပ်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်သံတမန်များအနေဖြင့် ဒေသန္တရတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဆိုလျှင် ဦးစွာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကြောင်းကြားပြီးမှသာ တွေ့ဆုံရမည့် စည်းမျဉ်းကို ချမှတ်လိုက်ခြင်းဖြစ်သည်။

ယခု စည်းမျဉ်းသစ်အား အမေရိကန်သံရုံးဆီ ဒီဇင်ဘာ ၄ ရက်နေ့က အကြောင်းကြား ပေးပို့ထားပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွမ်ယင်းက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အောက်တိုဘာလအတွင်းက အမေရိကန်သည် တရုတ်သံတမန်များအား ချမှတ်ခဲ့သည့် စည်းမျဉ်းအတိုင်း ထပ်တူတုံ့ပြန်မှုသာ ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒီလို အမှားတွေကို ပြုပြင်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတင်းကြပ်မှုကို ရုပ်သိမ်းဖို့ အမေရိကန်ဖက်ကို ကျွန်မတို့ ထပ်ပြီး တိုက်တွန်းတယ်။”ဟု သတင်းစာရှင်းလင်းပွဲ၌ ဟွာချွမ်ယင်းက သတင်းထောက်များအား ပြောခဲ့သည်။

အမေရိကန်နိုင်ငံသည် တရုတ်သံတမန်များအား အမေရိကန်သံတမန်များ၊ ဒေသတာဝန်ရှိသူများနှင့် တွေ့ဆုံရန်နှင့် ကောလိပ်များ၊ သုတေသနအသင်းများသို့ သွားရောက် လည်ပတ်ရာတို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ရှေးဦးစွာ အကြောင်းကြားပြီးမှသာ ဆောင်ရွက်ရန် စည်းမျဉ်းအား အောက်တိုဘာလအတွင်းက ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly