နိုဘယ်လ်ဆုရှင် Albert Camus အား KGB အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ဟု စာအုပ်သစ် တစ်အုပ်တွင်ဖော်ပြ

နိုဘယ်လ်ဆုရှင် Albert Camus အား KGB အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ဟု စာအုပ်သစ် တစ်အုပ်တွင်ဖော်ပြ
ပုံ - The Guardian

ဒီဇင်ဘာ  ၆ ။              ။ နိုဘယ်လ်ဆုရှင် ပြင်သစ်စာရေးဆရာ Albert Camus သည် အသက် ၄၆ နှစ်အရွယ် ကားအက်စ်ဆီးဒင့် တစ်ခု အတွင်း သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ ၎င်းသေဆုံးပြီး ဆယ်စုနှစ် ခြောက်စု ကြာပြီးနောက် ၎င်းအား KGB သူလျှိုများက လုပ်ကြံ သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း စာအုပ်သစ်တစ်အုပ်တွင် ငြင်းခုံ ရေးသားထားသည်။

ဆိုဗီယက်ဆန့်ကျင်သည့် ထုတ်ဖော်ရေးသားမှုများအတွက် လက်တုန့်ပြန်သောအားဖြင့် ဆိုဗီယက် ထောက်လှမ်းရေး KGB က ၎င်းအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အီတလီ စာရေးဆရာ Giovanni Catelli က ၎င်း၏ သီအိုရီကို ၂၀၁၁ ခုနှစ်က ပထမဆုံး ထုတ်ဖော်ခဲ့သည်။

Camus သေဆုံးခဲ့သည့် ယာဉ်တိုက်မှုသည် သွေးရိုးသားရိုး မဖြစ်နိုင်ဟု နာမည်ကျော် ချက်ကဗျာဆရာ၊ ဘာသာပြန် Jan Zabrana က ၎င်း၏ ဒိုင်ယာရီထဲတွင် ရေးသား ထုတ်ဖော်ထားသည်ကို တွေ့ရှိခဲ့ကြောင်း Giovanni Catelli က Corriere della Sera သတင်းစာထဲတွင် ရေးသားခဲ့သည်။ယခုအခါ Catelli သည် The Death of Camus ဟု ခေါင်းစဉ် တပ်ထားသည့် စာအုပ်တစ်အုပ်ထဲတွင် ၎င်း၏ သုတေသနကို ချဲ့ထွင် လုပ်ဆောင်ထားသည်။

ပြင်သစ်စာရေးဆရာ Camus သည် လွန်ခဲ့သော ၁၉၆၀ ဇန်နဝါရီ ၄ ရက်က ၎င်း၏ ထုတ်ဝေသူ Michael Gallimard မောင်းနှင်သော ကားကို စီးသွားခဲ့စဉ် ကားမောင်းသည့် Gallimard က အရှိန်မထိန်းနိုင်ဘဲ သစ်ပင် တစ် ပင်ကို ဝင်တိုက်မိခဲ့ရာမှ Camus မှာ နေရာမှာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်မောင်း Gallimard ကတော့ နောက်ရက် အနည်းအငယ်အကြာ၌ ကွယ်လွန်သွားခဲ့သည်။

ထိုဖြစ်စဉ် မဖြစ်ခင် သုံးနှစ်အလို ၁၉၅၇ ခုနှစ်က Camus သည် နိုဘယ်လ်ဆုကို ရရှိခဲ့သည်။Herbert Lottman က “ အပြင်ပန်း ကြည့်ရင်တော့ ဒီအက်စ်ဆီးဒင့်က ကားဘီးပေါက်လို့ ဒါမှမဟုတ် ဝင်ရိုးကျိုး လို့ ဖြစ်ခဲ့တာလို့ ထင်ရ ပါတယ်၊ နောက်ပြီး အဲဒီလမ်းက တဖြောင့်တည်း ညီနေပြီး ပေ ၃၀ လောက်လည်း ကျယ်တဲ့ လမ်းဖြစ်သလို အဲဒီ အချိန်က ယာဉ်အသွားအလာလည်း ရှင်းနေခဲ့ပြီး အခုလို ဖြစ်သွားတဲ့အပေါ် ပညာရှင်တွေလည်း တွေးရ ကျပ်ခဲ့ ကြပါတယ်” ဟု ၎င်း၏ ၁၉၇၈ စာရေးဆရာ အတ္တုပတ္တိထဲမှာ ရေးသားထား သည်။

ဒီအက်စ်ဆီးဒင့် ဘာကြောင့် ဖြစ်ရသလဲ ဆိုသည်ကို Zabrana ၏ ဒိုင်ယာရီထဲမှာ ရှင်းပြထားသော စာပိုဒ်က အမှန်ဖြစ်လိမ့်မယ်လို့ Catelli က ယုံကြည်နေသည်။

ယာဉ်တိုက်မှုကြောင့် Camus သေဆုံးရတွင် အဓိက လက်သည် တရားခံသည် KGB ဖြစ်ကြောင်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိနေသူ တစ်ဦးက ၎င်းအား ပြောခဲ့သည် ဆိုပြီး Zabrana မှ သူ၏ ဒိုင်ယာရီထဲတွင် ရေးသား ထားခဲ့ခြင်း ဖြစ်သည်။

Catelli က “ သူတို့က အဲဒီကားရဲ့ တာယာကို ကိရိယာ တစ်ခုသုံးပြီး ကွဲအောင် ကြိုလုပ်ထားခဲ့တယ်၊ အဲဒီကား အမြန် နှုန်းနဲ့ မောင်းသွားခဲ့အခါ နောက်ဆုံးတာယာပေါက်ပြီး ကွဲသွားခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ဤကဲ့သို့ Camus အား လုပ်ကြံရန် အမိန့်ကို ထိုစဉ်က ဆိုဗီယက်ယူနီယံ ပြည်ထဲရေးဝန်ကြီး Dmitri Shepilov က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly