၂၀၁၉ ခုနှစ်မှာ ကစားသမားအပြောင်းအရွှေ့များအတွက် အေးဂျင့်တွေကို ပေးချရတဲ့ ငွေကြေး ပေါင်သန်း (၅၀၀) ကျော်ရှိ

၂၀၁၉ ခုနှစ်မှာ ကစားသမားအပြောင်းအရွှေ့များအတွက် အေးဂျင့်တွေကို ပေးချရတဲ့ ငွေကြေး ပေါင်သန်း (၅၀၀) ကျော်ရှိ

၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာ ကစားသမားအပြောင်းအရွှေ့များအတွက် အေးဂျင့်တွေနဲ့ ကြားခံညှိနှိုင်းပေးသူတွေကို ပေးချေရတဲ့ ငွေကြေးပမာဏက ပေါင်သန်း (၅၀၀)ကျော်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပြောပါတယ်။

အေးဂျင့်တွေအတွက် ကမ္ဘာတစ်လွှားသုံးစွဲမှုက ဒေါ်လာ (၆၅၃.၉)သန်း (ပေါင် ၅၀၁ သန်း)ထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် (၂၀%)နီးပါး မြင့်တက်ခဲ့တာဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာတစ်ရပ်က ဆိုပါတယ်။

ယခုနှစ် အေးဂျင့်ခ ပေါင် (၅၀၁)သန်းထဲမှ စုစုပေါင်း (၈၀%)ကို အီတလီ၊ အင်္ဂလန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံများမှ ကလပ်အသင်းတွေက ပေးချေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကလပ်အသင်းတွေကတော့ အပြောင်းအရွှေ့တွေပြုလုပ်ခဲ့တာထက် အေးဂျင့်တွေအတွက် ပိုမိုသုံးစွဲခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဖီဖာရဲ့ အစီရင်ခံစာအရ ကမ္ဘာတစ်လွှားက ပရော်ဖက်ရှင်နယ်ကလပ်အသင်းပေါင်း (၇,၅၀၀) ကျော်ရဲ့ ကစားသမားအပြောင်းအရွှေ့ပေါင်း (၁၇,၀၀၀)ကျော်ကို အခြေခံတွက်ချက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုနှစ်အစောပိုင်းက ဖီဖာက ကစားသမားတွေရဲ့ အေးဂျင့်တွေကို ပေးချေကြေးကို ကန့်သတ်ဖို့ နည်းလမ်းများစွာကို ကြေညာခဲ့ပါတယ်။ အေးဂျင့်တွေအနေနဲ့ ကစားသမားရောင်းချတဲ့ အသင်းတွေထဲကနေ ပြောင်းရွှေ့ကြေးရဲ့ (၁၀%)ထက် ပိုမယူဖို့၊ ကစားသမားထံကနေ လစာငွေရဲ့ (၃%)ထက် ပိုမယူဖို့ ကန့်သတ်မှုတွေမျိုးဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required