အရှေ့အာဖရိကတွင် မိုးအဆက်မပြတ်ရွာပြီး ရေကြီးမြေပြိုမှုများကြောင့် နှစ်လအတွင်း အနည်းဆုံး လူ ၂၆၅ ဦး သေဆုံး

အရှေ့အာဖရိကတွင် မိုးအဆက်မပြတ်ရွာပြီး ရေကြီးမြေပြိုမှုများကြောင့် နှစ်လအတွင်း အနည်းဆုံး လူ ၂၆၅ ဦး သေဆုံး

နိုင်ရိုဘီ၊ ဒီဇင်ဘာ ၆။      ။ အရှေ့အာဖရိကနိုင်ငံများတွင် နှစ်လဆက်တိုက် မိုးများအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရွာများနှင့် လယ်ယာမြေများ ရေလွှမ်းခဲ့ပြီး မြေပြိုမှုများဖြစ်ကာ အနည်းဆုံး လူ ၂၆၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကင်ညာ၊ ဆိုမာလီယာ၊ ဘူရွန်ဒီ၊ တန်ဇန်းနီးယား၊ တောင်ဆူဒန်၊ ယူဂန်ဒါ၊ ဂျီဘူဒီနှင့် အီသီယိုးပီးယားနိုင်ငံများတွင် မွေးမြူရေးခြံနှင့် လယ်ယာမြေပေါင်းများစွာ ရေလွှမ်းခဲ့ပြီး လူ နှစ်သန်းနီးပါး ဒုက္ခရောက်ခဲ့သည်။

သီးနှံများပျက်ဆီးသွားသောကြောင့် အစာရေစာပြတ်လပ်မည့်အလားအလာရှိပြီး ရေကြောင့်ကူးစက်သည့် ရောဂါများဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိသည်။  အပူပိုင်းမုန်တိုင်းသည် ဆိုမာလီယာနိုင်ငံသို့ ဦးတည်ရွေ့လျားလာ သောကြောင့် လာမည့်အပတ်များတွင် ဒေသတစ်လွှား မိုးများဖွယ်ရှိသည်။

 

ကင်ညာနိုင်ငံ အယ်ဂေးလ်မာရာကွစ်ခရိုင်ရှိ ကပ်စီကွာရွာတွင်လည်း မိုးကြီးမြေပြိုမှုများကြောင့် ရွာသူရွာသား များ၏ နေအိမ်နှင့်လယ်ယာများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေကြသည်။ မြေပြိုမှုကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံးကာ ၁၇၀၀၀ ခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ကင်ညာတွင် ကျောင်း၊ လမ်းများနှင့် ကျန်းမာရေးစင်တာများ ရေလွှမ်းခဲ့ကာ  နိုင်ငံတစ်ဝှမ်း ရေမြောင်းစနစ်များလည်း ပိတ်ဆို့နေသည်။ ရွာသူရွာသား များသည် မြေပြိုမှုကြောင့် ပျက်ဆီးကုန်သည့် သီးနှံများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လယ်မြေ ရွှံ့တောထဲတွင် လိုက်လံရှာဖွေနေကြရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly