ပိုလန် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ကလေးငယ်များ အပါအဝင် လူ ၈ ဦး သေဆုံး

ပိုလန် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ကလေးငယ်များ အပါအဝင် လူ ၈ ဦး သေဆုံး

ဒီဇင်ဘာ ၆။             ။ ပိုလန်နိုင်ငံ တောင်ပိုင်း နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတွင် ဒီဇင်ဘာ ၄ ရက် ညပိုင်းက ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု တစ်ခုဖြစ်၍ ကလေးငယ် လေးဦးအပါအဝင် လူ ရှစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဆက်ဇက် မြို့ အဆောက်အအုံတစ်လုံးတွင် အဆိုပါပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးများအောက်မှ ရုပ်အလောင်းများကို ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းတွင် ကယ်ဆယ်ရေးသမား ၂၀၀ ခန့်က ဝိုင်းဝန်းရှာဖွေခဲ့ကြရသည်။

“ ဒီ စာရင်းက အတည်ဖြစ်ပြီလို့ သတ်မှတ်ထားပါတယ်၊ နောက်ထပ် သေဆုံးသူတွေ ထပ်မရှိနိုင်တော့ပါဘူး” ဟု တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျာရိုစလောက သတင်းထောက်များကို ပြောသွားခဲ့သည်။

 

အဆိုပါ အဆောက်အအုံ အနီးအနားတွင် လုပ်ဆောင်နေခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ဓာတ်ငွေ့ပိုက်လိုင်းကို မတော်တဆ ထိခိုက်မိရာကနေ ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ခဲ့ပုံရကြောင်း ဒေသ ဓာတ်ငွေ့ဖြန့်ဖြူးသူ ကုမ္ပဏီ PSG က ထုတ်ပြန်သွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly