အမေရိကန် ကန့်ကွက်နေသည့်ကြားမှ တရုတ်ကို နှစ်စဉ် ချေးငွေ ဒေါ်လာ ၁ ဘီလီယံကျော် ထုတ်ချေးရန် ကမ္ဘာ့ဘဏ် စီစဉ်

အမေရိကန် ကန့်ကွက်နေသည့်ကြားမှ တရုတ်ကို နှစ်စဉ် ချေးငွေ ဒေါ်လာ ၁ ဘီလီယံကျော် ထုတ်ချေးရန် ကမ္ဘာ့ဘဏ် စီစဉ်

ဒီဇင်ဘာ ၆။                    ။ လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လအထိ တစ်နှစ်လျင် အတိုးနှုန်းနည်းပါးသည့် ချေးငွေ ကန်ဒေါ်လာ ၁ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီယံ အကြား တရုတ်ထံ ထုတ်ချေးပေးမည့် အစီအစဉ်တစ်ရပ် ရေးဆွဲ အ တည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

တရုတ်ထံ အတိုးနှုန်းနည်းပါးသည့် ချေးငွေ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ထုတ်ပေးမည့် အစီအစဉ်သစ်ကို ယင်း၏ ဘုတ်အဖွဲ့က သဘောတူသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် အမ်နူချင်နှင့် အခြားသော အမေရိကန်ဥပဒေပြုအမတ်များ ကန့်ကွက်နေသည့်ကြားမှ ကမ္ဘာ့ဘဏ်က အဆိုပါ တရုတ်ချေးငွေ ကိစ္စကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့တွင် ပါနေသည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်ကလည်း အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က ကန့်ကွက်ခဲ့ကြောင်း အမ်နူချင်က အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ ကြားနာမှုတစ်ခုတွင် ပြောသည်။

တရုတ်တို့အနေဖြင့် လွန်စွာ ချမ်းသာကြွယ်ဝလျက် ရှိနေသည့်အတွက် ယခုကဲ့သို့ နိုင်ငံတကာ အကူအညီမျိုး လက်ခံရယူရန် မထိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဝေဖန်ပြောကြားသည်။

တချိန်တည်းမှာပင် တရုတ်အစိုးရအနေဖြင့် ယင်း၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အခြေခံအဆောက်အအုံ စီမံကိန်းကြီးကနေတဆင့် ဆင်းရဲသော နိုင်ငံများကို ဒေါ်လာငွေကြေး ဘီလီယံများစွာ ထုတ်ချေးပေးနေမှုကိုလည်း ဘဏ္ဍာရေးဝန်ကြီး အမ်နူချင်က ထောက်ပြသွားခဲ့သည်။

တရုတ်တို့၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ကမ္ဘာ့ဘဏ်၏ ပါဝင်ပတ်သက်မှုကို ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့တွင် ထောက်ခံမှု ရခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်းတွင် ယခု ငါးနှစ်တာ ချေးငွေ မဟာဗျူဟာအစီအစဉ်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required