တာမွေရာပြည့်စျေးသစ် အဆင့်မြင့် အဆောက်အအုံ မှ အခန်းဝယ်ယူထားသူများက နစ်နာနေသည်ဟုဆို

05 December 2019
တာမွေရာပြည့်စျေးသစ် အဆင့်မြင့် အဆောက်အအုံ မှ အခန်းဝယ်ယူထားသူများက နစ်နာနေသည်ဟုဆို

တာမွေရာပြည့်စျေးသစ်အဆင့်မြင့်အဆောက်အအုံကိုဆောက်လုပ်ခွင့်ရရှိထားသည့်အောင်ကောင်းကျော်ကုမ္ပဏီနှင့်ကိုယ်စားလှယ်ထူးပြည့်ပြည့်စုံဆောက်လုပ်ရေးလုပ်ငန်းတို့အနြေဖင့် အခန်း ဝယ်ယူထားသူများထံ အခန်းမအပ်သလို ငွေပြန်အမ်းခြင်းလည်း မရှိသည့် အပြင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်ထားသဖြင့် နစ်နာသသည်ဟု ဆိုကာ အခန်းဝယ်ယူထားသူများက ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ဒီဇင်ဘာလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မြို့တော်ဝန်နှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီတိုင်ကြားစာပေးပို့ခဲ့သော်လည်းလက်ရှိအချိန်အထိတစ်စုံတစ်ရာဆောင်ရွက်ပေးမှုမရှိသောကြောင့်သတင်းစာရှင်းလင်းပွဲလုပ်ရခြင်း ဖြစ်သည်ဟု အခန်းဝယ်ယူထားသူများက ဆိုသည်။ ရိုက်ကူး/တည်းဖြတ်- ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required