လက်ရှိအစိုးရသက်တမ်းအတွင်း အိမ်ထောင်စုပေါင်း ၁၀သိန်းကျော်ကို လျှပ်စစ်မီးပေးနိုင်ခဲ့ဟုဆို

လက်ရှိအစိုးရသက်တမ်းအတွင်း အိမ်ထောင်စုပေါင်း ၁၀သိန်းကျော်ကို လျှပ်စစ်မီးပေးနိုင်ခဲ့ဟုဆို

နေပြည်တော်၊ ဒီဇင်ဘာ ၅။           ။ လက်ရှိ NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်မှ  ၂၀၁၉ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်ခွဲ သက်တမ်းအတွင်း အိမ်ထောင်စုပေါင်း ဆယ်သိန်းကျော်ကို လျှပ်စစ်မီး ပေးနိုင်ခဲ့သည်ဟု လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါ ပမာဏသည် ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ၁၆ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း သိရသည်။

NLD အစိုးရသက်တမ်းအစ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်  တစ်နိုင်ငံလုံး၏ ၃၄ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခုနှစ်ကုန်တွင်  ၅၀ရာခိုင်နှုန်းအထိ လွှမ်းခြုံတော့မည် ဖြစ်သည်။

 

“ထို့အတူပဲ ဟိုးယခင်က ဂရစ်မရောက်သေးတဲ့ မြို့တွေ ယခုဆိုရင် မောင်းတော ထိ ကျွန်တော်တို့ မီးပို့နိုင်ခဲ့ပြီ။လျှပ်စစ်ဓာတ်အားရောက်ရှိနေပြီ။ မကြာမီကာလမှာ ကျိုင်းတုံ ရှမ်းအရှေ့ကို ရောက်တော့မယ်။ ဒါ့အပြင် မြဝတီ ကိုရောက်ခဲ့ပြီးပြီ။ စသဖြင့် ဝေးလံ ခေါင်သီတဲ့ ဒေသတွေကို ဂရစ်တွေ ရောက်အောင် ဟန်ချက်ညီညီဆွဲနေတယ်ဆိုတာကိုလည်း တင်ပြလိုပါတယ်။ ဒါ့အပြင် ၂၀၂၀-၂၁မှာ ၅၅ ရာခိုင်နှုန်း၊၂၀၂၅-၂၆ မှာ ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ မှာဆိုရင် ရာနှုန်းပြည့်ဖြစ်အောင်ဆိုတဲ့ ရည်မှန်းချက် နဲ့ သွားနေတာ”  ဟု   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

ဒီချုပ် အစိုးရသက်တမ်းအတွင်း  ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများကို ဦးစားပေးပြီး ဘတ်ဂျက်များ ရေးဆွဲသုံးစွဲခဲ့ကြောင်းလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အင်ဂျင်နီယာချုပ်က ပြောသည်။

 “ကျွန်တော်တို့ အစိုးရသစ်လက်ထက် မှာ၂၀၁၆-၁၇ နဲ့ ယနေ့အချိန်ထိ တင်ပြထားတဲ့ ၉၁၇.၂၅၂ ဘီလီယံ ကျွန်တေ်ာတို့ တိုးတက်ပြီးတော့ ရရှိ ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉-၂ဝမှာတော့ ၆၆၂.၂၅၉ဘီလီယံ လျာထားပြီးတော့ သုံးစွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အင်ဂျင်နီယာချုပ် သူရအောင်ဘိုက ပြောသည်။

နိုင်ငံတော်ဓာတ်အားစနစ် မရောက်ရှိနိုင်သေးသည့်   ကျေးရွာများကို ဓာတ်အားစနစ်ပြင်ပဖြစ်သည့် အသေးစားရေအား၊ နေရောင်ခြည် ၊ ဒီဇယ်၊ စပါးခွံ စသည့် နည်းလမ်းများဖြင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၉ခုနှစ် နိုဝင်ဘာလ အထိ ကျေးရွာပေါင်း ၁၉၄ဝဝကျော် မီးလင်းခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၄၃ဝဝဝ ကျော်က လျှပ်စစ်မီးမရရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly