ယူကရိန်း ကောလိပ်အဆောင်အအုံ မီးလောင်မှု ၁ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေ

ယူကရိန်း ကောလိပ်အဆောင်အအုံ မီးလောင်မှု ၁ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေ

ဒီဇင်ဘာ ၅။         ။ ယူကရိန်းနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ အိုဒက်ဆာ တွင် ကောလိပ်ကျောင်း အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွား၍ ကျောင်းသူ တစ်ဦး သေဆုံးပြီး အခြား ၁၄ ဦးခန့် ပျောက်ဆုံးနေကြောင်း သမ္မတ ဗိုလိုဒမီယာ ဇီလန်စကီးက ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။

ဒီဇင်ဘာ ၄ ရက်က အိုဒက်ဆာ မြို့လယ်ခေါင်ရှိ ကောလိပ် အဆောက်အအုံတစ်လုံးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း မီးလောင်မှုတွင် အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးပြီး အခြား ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။

 

အဆိုပါ မီးကို ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းကျမှ မီးထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒါဇင်နှင့်ချီသော မီးသတ်သမားများသည် အဆိုပါ ခြောက်ထပ်အဆောက်အအုံတွင် မီးလောင်ပြီး တစိတ်တစ်ပိုင်း ပျက်စီးသွားသော အပျက်အစီးများအကြား ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူ ၁၄ ဦး ရှိနေပြီး ၎င်းတို့ဘေးကင်းရေးအတွက် ဆုတောင်းပေးနေကြောင်း သမ္မတ ဇီလန်စကီးက ဖေ့ဘွတ်ခ်ပို့တစ်ခုတွင် ပြောထားသည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကိုလည်း အာဏာပိုင်များ စုံစမ်းလျက် ရှိသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly