ONE Championship မှ အောင်မြင်သော ကစားသမားများ၏ ပါရမီ ဖြည့်ဖက်များ

ONE Championship မှ အောင်မြင်သော ကစားသမားများ၏ ပါရမီ ဖြည့်ဖက်များ

အောင်မြင်သော ယောကျ်ားတိုင်း၏ နောက်တွင် မိန်းမတစ်ဦး အမြဲရှိသည်ဆိုသည့် စကားအတိုင်း ဇနီး၊ မယား၊ အိမ်ထောင်ဖက် များသည် ၎င်းတို့ လက်တွဲဖော်များ၏ အဓိက အောင်မြင်မှု သော့ချက်ဖြစ်သည်။ အလားတူ ONE Championship ပြိုင်ပွဲမှ အောင်မြင်သော ကစားသမား များသည်လည်း ၎င်းတို့ နောက်ကွယ်တွင် ပါရမီ ဖြည့်ပေးနေသည့် အိမ်ထောင်ဘက်များ ရှိနေသည်ကို မြင်တွေ့ရပြီး ၎င်းတို့ အနက်မှ စိတ်ဝင်စားဖွယ် အမျိုးသမီး အချို့ အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

() အောင်လအန်ဆန်၏ ပါရမီဖြည့်ဖက် ကေတီ

ONE Championship တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခု လက်ရှိ ချန်ပီယံ မြန်မာ စပါးအုံးအောင်လအန်ဆန် သည် မိသားစုကို ဦးစားပေးသူ တစ်ယောက် ဖြစ်ကြောင်း ပရိသတ်တိုင်း သိကြသလို ၎င်း၏ အောင်မြင်မှု များသည် ဇနီး ဖြစ်သူ၏ ပံ့ပိုးပေးမှုကြောင့် ဖြစ်သည်ဟုလည်း မကြာခဏ ထုတ်ပြောတတ်သူ ဖြစ်သည်။ အောင်လအန်ဆန်သည် ၎င်း၏ဇနီး ဖြစ်လာမည့် အမေရိကန်သူ ကတ်သရင်း အိုလီဖန့်နှင့် လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က စတင်ဆုံဆည်း ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ကေတီသည် Crazy 88 အားကစားရုံသို့ သင်တန်းသူ အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ကစားသမားနည်းပြ အဖြစ် အလုပ်လုပ် နေသည့် မထင်မရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစား သမားလေး အောင်လအန်ဆန်နှင့် ချစ်ကြိုးသွယ်မိ ခဲ့ကြသည်။

ကေတီနှင့် အောင်လအန်ဆန် တို့သည် နှစ်ကြာ ချစ်သူဖြစ်ခဲ့ ကြပြီးနောက် ၂ဝ၁၃ တွင် လက်ထပ်ခဲ့ ကြသည်။ ယင်းအချိန်ထိ အောင်လ အန်ဆန်သည် ONE Championship သို့ ရောက်ရှိလာခြင်း မရှိသေးဘဲ အမေရိကန် ပြည်တွင်း ပြိုင်ပွဲများတွင် လှည့်လည် ယှဉ်ပြိုင်နေ ခဲ့သည်။ လက်စွမ်း မမှန်သေးဘဲ ရှုံးတလှည့် နိုင်တလှည့် ဖြတ်သန်း နေရရှာသော အောင်လအန်ဆန် ခမြာ အိမ်ငှားခ အတွက်ပင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော်လည်း ကေတီက စိတ်မပျက်ဘဲ မငြီးမငြူ ပါရမီ ဖြည့်ပေးခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် ONE Championship အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေပြီဖြစ်သည့် အောင်လအန်ဆန်က သူ့အတွက် ချစ်စရာ သားလေး တစ်ဦး မွေးဖွားပေးထားသည့် ဇနီးဖြစ်သူ ကေတီကို ချီးကျူးသည့် စကားများမှာ လွန်သည်ဟု မဆိုနိုင်ပေ။

() Brandon Vera လက်တွဲဖော် Jessica

အသက် ၄ဝ ကျော် အရွယ်အထိ ONE ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ထိန်းသိမ်းထား နိုင်ဆဲ ဖြစ်သည့် Brandon “The Truth” Vera အတွက် ဇနီးဖြစ်သူ Jessica သည် ၎င်း၏ နုပျို သန်မာမှုများ ပြန်လည် ဆောင်ကျဉ်းပေးခဲ့သူဟု ဆိုနိုင်သည်။ Jessica သည် Vera ပထမ အိမ်ထောင် မဟုတ်ခဲ့ဘဲ ယခင်က အမေရိကန် နိုင်ငံရှိ Vera တည်ထောင်ထားသော Alliance လေ့ကျင့်ရေး စင်တာတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းမလေး တစ်ဦးသာ ဖြစ်သည်။ Vera သည် ပထမ ဇနီးဖြစ်သူ Kerry နှင့် ရှစ်နှစ်ကြာ တည်ဆောက်ခဲ့သော အိမ်ထောင်ရေး ၂ဝ၁၄ ခုနှစ်တွင် အဆုံးသတ် သွားပြီးနောက် လစ်ဟာသွားသည့် ၎င်း၏ ဘဝထဲ Jessica ကို ဝင်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေး ပြဿနာကြောင့် စိတ်ဓာတ်ကျ နေသည့် Vera ကို ၎င်း၏ ပထမဆုံး ONE Championship ပွဲ အနိုင်ရ စေရန် Jessica က ပြန်လည် စိတ်ဓာတ် မြှင့်တင်ပေး ခဲ့သည်။ ယင်းပွဲ အနိုင်ရပြီးသည့် နောက်တွင် Vera သည် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီး နောက်တစ်ပွဲတွင် ပထမဆုံး ONE ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။ ၂ဝ၁၆ တွင်Vera သည် ဖိလစ်ပိုင်သို့ ပြောင်းရွှေ့ အခြေချကာ ဘဝသစ် ပြန်စရန် စီစဉ်သည့် အခါတွင်လည်း ချစ်သူ ဘဝသာ ရှိသေးသည့် Jessica က အမေရိကန်တွင် အခြေကျ နေသည့် ဘဝကို စွန့်လွှတ်ကာ သျှောင်နောက် ဆံထုံးပါ လိုက်လာခဲ့သည်။ ထို့ကြောင့် Vera သည် ၂ဝ၁၇ တွင် Jessica နှင့် စေ့စပ်ခဲ့ပြီး နောက်တစ်နှစ် အကြာ၌ ၎င်းတို့မင်္ဂလာပွဲကို လှပသော ဂူအမ်ကျွန်း သဲသောင်ပြင် ပေါ်တွင် ကဗျာဆန်စွာ ကျင်းပခဲ့သည်။

() Martin Nguyen ခ်စ္ဇနီး Brooke

ONE ပထမဆုံး ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်ဖူးသည့် ဗီယက်နမ်/ သြစတြေးလျ ကစားသမား Martin “The Situ-Asian” Nguyen ကလည်း ယခုကဲ့သို့ ဘဝမျိုးကို ရောက်ရှိလာအောင် အဓိက တွန်းပို့ပေးခဲ့သူမှာ ဇနီးဖြစ်သူ Brooke ဖြစ်သည်ဟု မကြာခဏ ဝန်ခံတတ်သည်။ အမှန်တကယ်လည်း Nguyen ဘဝကို ပြန်ကြည့်လျှင် ၎င်း၏စကား မမှားကြောင်း သုံးသပ်နိုင်မည် ဖြစ်သည်။ စည်းကမ်းကြီးသည့် ဗီယက်နမ် မိဘများမှ သြစတြေးလျ နိုင်ငံတွင် မွေးဖွားခဲ့သူ Nguyen သည် မိသားစုတွင် တစ်မိပေါက် တစ်ယောက်ထွန်း သိုးမည်းဟုပင် ဆိုရအောင် ငယ်စဉ်က လွန်စွာ ဆိုးသွမ်းသည့် လူငယ်တစ်ဦး ဖြစ်ခဲ့သည်။ ကျောင်းတွင် မကြာခဏ ပြဿနာ ရှာတတ်သလို စာလည်း စိတ်မဝင်စားဘဲ ဦးလေးဖြစ်သူ၏ ကားကိုပင် လိုင်စင်မရှိဘဲ မကြာခဏ ခိုးမောင်းလေ့ ရှိသူဖြစ်သည်။

သို့သော် Nguyen အသက် ၁၇ နှစ်မြောက် မွေးနေ့တွင် စျေးဝယ်စင်တာ တစ်ခုသို့ သူငယ်ချင်း များနှင့်အတူ လည်ပတ်နေစဉ် ဇနီးလောင်း Brooke နှင့် ပထမဆုံး ဆုံဆည်းခဲ့သည်။ ယင်းနောက်တွင် နှစ်ယောက်သား ချစ်သူများ ဖြစ်ခဲ့ကြပြီး Brooke က Nguyen ကို တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်အောင် စည်းရုံးပို့ဆောင် ပေးခဲ့သည်။ ၂ဝဝ၉ တွင် Brooke က Nguyen အတွက် သားလေး တစ်ယောက် မွေးဖွားပေးပြီး နောက်တွင်တော့ Nguyen သည် မိသားစု အတွက် ကြိုးစား လိုစိတ်များ ဖြစ်ပေါ် လာခဲ့ပြီး ကိုယ်ခံပညာကို ကြိုးစားလေ့လာ ခဲ့သည်။ ၂ဝ၁ဝ တွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ပြီး နှစ် အကြာတွင်မှ Nguyen ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ စတင်ခဲ့ခြင်း ဖြစ်သဖြင့် Nguyen အောင်မြင်မှုတိုင်းသည် ဇနီးဖြစ်သူနှင့် သက်ဆိုင်နေသည်ဟု ဆိုခြင်းဖြစ်သည်။

() Bibiano Fernandes အိမ်ထောင်ဘက် Amanda

ONE Championship တွင် ချန်ပီယံ ခါးပတ်တစ်ခုကို ကာလ အကြာဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိလည်း ဘင်တန်ဝိတ်တန်း ချန်ပီယံ ဖြစ်နေသည့် ဘရာဇီး နိုင်ငံသား Bibiano “The Flash” Fernandesrenandes အတွက်လည်း ဇနီးဖြစ်သူ Amanda က မရှိမဖြစ် အရေးပါသူ ဖြစ်သည်။ မြင်မြင်ချင်း အချစ်ဆိုသည်ကို အချို့က မယုံကြည် ကြသော်လည်း Fernandes အတွက်ကတော့ ၁၁ နှစ်ကြာ ခိုင်မြဲနေဆဲ ဖြစ်သည့် ချစ်ဇာတ်လမ်း တစ်ပုဒ်၏ အစပင် ဖြစ်သည်။ ထိုစဉ်က Fernandes သည် ကနေဒါ နိုင်ငံတွင် ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေသည့် ကာလဖြစ်ပြီး လေ့ကျင့်ဖော် များနှင့်အတူ စားသောက်ဆိုင် တစ်ဆိုင်တွင် သွားစားသည့် အချိန် ၎င်းတို့စားပွဲကို ဝန်ဆောင်မှု ပေးသည့် စားပွဲထိုး မလေးနှင့် အကြည့်ချင်း ဆုံခဲ့သည်။

ရှေးဘဝက ရေစက်ကြောင့်ပင် ထင်ရအောင် Fernandes သည် စားပွဲထိုး မလေး Amanda ကို မြင်မြင်ချင်း စွဲလမ်းသွား ခဲ့ပြီး လက်ထပ်ရန် အထိ ရည်ရွယ်ကာ အသည်းအသန် ချစ်ရေးဆို ခဲ့သည်။ နောက်ဆုံးတွင် ဇွဲကောင်းသည့် ကောင်ဆိုးလေး Fernandes ကို Amanda မငြင်းနိုင်တော့ဘဲ လက်ခံလိုက်သည့် အတွက် ယနေ့ အချိန်တွင် ၎င်းအတွက် ရင်သွေး ဦးပင် မွေးဖွားပေး ထားသည့် ပါရမီ ဖြည့်ဖက် ဇနီးသည် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ Fernandes ကိုယ်တိုင်လည်း မိသားစု အတွက် ဆိုသည့် တွန်းအားဖြင့် ကြိုးစား ရုန်းကန်ရင်း ONE ဘင်တန်ဝိတ်တန်း ချန်ပီယံ ခါးပတ် အပါအဝင် ကမ္ဘာ့ ချန်ပီယံ ခါးပတ် အများအပြားကို သိမ်းပိုက်နိုင်သူ ဖြစ်လာခဲ့သည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား ထီရယ်ထန်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာစံတော်ချိန် ၄း၃၀ နာရီ၌ Skynetsport HD, SkynetSport 3 နှင့် MNTV (Free to Air) တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly