ပြင်သစ်တွင် နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ဆင်နွှဲ

ပြင်သစ်တွင် နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ဆင်နွှဲ

ဒီဇင်ဘာ ၅။            ။ သယ်ယူပို့ဆောင်ရေး လုပ်သားများ၊ ကျောင်းဆရာများ၊ အခြားသော သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ဝန်ထမ်းလုပ်သားများ ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ သပိတ်တစ်ရပ်ကြောင့် ဒီဇင်ဘာ ၅ ရက်တွင် ပြင်သစ်နိုင်ငံကို တုန့်ဆိုင်းရပ်တန့်စေမှုများ ဖြစ်လာစေရန် ရှိနေသည်။

၀န်ထမ်းအငြိမ်းစားပင်စင်ယူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည့် သမ္မတ အီမန်နျူရယ် မက်ခရွန်၏ အစီအစဉ်များအပေါ် မကျေနပ်သည့် သမဂ္ဂများနှင့် သမ္မတအကြား အားပြိုင်မှုအဖြစ် ယခု သပိတ်တစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်နှုန်းမြင့် မီးရထား ပြေးဆွဲမှု ၉၀ ရာခိုင်နှုန်းသည်လည်း ပြတ်တောက်သွားခဲ့ပြီး ပါရီမြို့ မြေအောက် ရထားစနစ် အများစုလည်း ပိတ်ထားရရန် ရှိနေသည်။

 

နိုင်ငံလုံးဆိုင်ရာ သပိတ်ကြောင့် ရာနှင့်ချီသော လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းရပြီး ကျောင်းအများစုကိုလည်း ပိတ်ထားရလျက် ရှိသည်။

သမ္မတ၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအပေါ် ဆန့်ကျင်သည့်အနေဖြင့် အဆိုပါ သပိတ်ဆင်နွှဲရန် သန်းပေါင်းများစွာသော အလုပ်သမားများက ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

အလားတူ အဆိုပါ သပိတ်တွင် စာသင်ကျောင်းဝန်ထမ်းများ၊ ရဲများ၊ ရှေ့နေများ၊ ဆေးရုံဝန်ထမ်းများ၊ လေယာဉ်ကွင်းဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly