အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်မည်

04 December 2019
အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်မည်

အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်မည်
***************************
အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ အဆိုပါ စာကြည့်တိုက်ကို ၃၁ လမ်း နှင့် ၃၂ လမ်းကြား၊ ကုန်သည်လမ်းမပေါ် တွင်ဖွင့်လှစ်ရန် လုပ်ဆောင်နေပြီး  အဆောက်အဦးသစ် ပြန်လည်မွမ်းမံတည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှ စတင် လုပ်နေခြင်း ဖြစ်သည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦးတွင် ဝင်ပေါက် နှစ်ပေါက်၊ အထပ် လေးထပ်ပါရှိမှာ ဖြစ်ပြီး မြေညီထပ်တွင် ပြပွဲ ကျင်းပပြုလုပ်နိုင်မည့် ခန်းမ၊ ဂျပန်နိုင်ငံမှ TRC ကုမ္ပဏီ နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ရှားပါး ပေပုရပိုဒ်များကို ပြသထားမည့်  ပြတိုက် တို့ပါဝင်သည့် အပြင် ၁၉၆၂ မတိုင်မီ မှ ၂၀၁၂ ခုနှစ် အထိ ထုတ်ဝေထားသည့် စာအုပ်၊ မဂ္ဂဇင်း နှင့်  ဂျာနယ်များကို စင်ပိတ်စနစ်ဖြင့် ထားရှိမည် ဖြစ်သည်။
ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly