ONE: Mark of Greatness ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ရှုံးပွဲလုံးဝ မရှိသေးသော မျက်နှာသစ် ကစားသမား ၄ ဦး

ONE: Mark of Greatness ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ရှုံးပွဲလုံးဝ မရှိသေးသော မျက်နှာသစ် ကစားသမား ၄ ဦး

 

၂ဝ၂ဝ ခုနှစ်အတွင်း နောက်ဆုံး ကျင်းပသည့် ONE Championship ပြိုင်ပွဲဖြစ်သော ONE: Mark of Greatness ကို လာမည့် ဒီဇင်ဘာ ရက်တွင် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပတော့မည် ဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း ၁၃ တွဲဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမည့် ယင်းပြိုင်ပွဲကြီးတွင် ယခင်က ONE Championship ပြိုင်ပွဲ တစ်ကြိမ်မှ မယှဉ်ပြိုင် ခဲ့ဖူးသည့် မျက်နှာသစ် ကစားသမား ဦး အထိ ပါဝင်နေသည်။ ၎င်းတို့အနက် ဦးသည် ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိကြသေး သူများ ဖြစ်သဖြင့် အဆိုပါ ကစားသမားများ အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

() Denice Zamboanga

အသက် ၂၂ နှစ်သာ ရှိသေးသည့် ဖိလစ်ပိုင်သူ Denice “The Menace” Zamboanga အတွက် ယခု လာမည့် ONE Championship ပွဲဦးထွက် ပွဲသည် ပန်းခင်းသောလမ်း မဖြစ်နိုင်ပေ။ အိမ်ကွင်းတွင် ယှဉ်ပြိုင်သည့် ပွဲတိုင်း ပြိုင်ဘက်များကို အနိုင်ယူထားသည့် အိမ်ရှင် မလေးရှားသူ Jihin “Shadowcat” Radzuan က Zamboanga ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက် များထဲတွင် အခက်ဆုံး ပြိုင်ဘက်ပင် ဖြစ်လာ နိုင်သည်။ သို့သော်လည်း ကစားသမား ဘဝတစ်လျှောက် အရှုံးဆိုသည့် အရာကို ကြားပင် မကြားဖူးခဲ့သည့် Zamboanga အတွက် စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ရန် အသင့် ဖြစ်နေပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ကမှ ကိုယ်ခံပညာ အားကစား လောကထဲ စဝင်လာခဲ့သည့် Zamboanga သည် အပျော်တမ်း ဘဝတွင်ရော၊ ပရော် ဖက်ရှင်နယ် ဘဝတွင်ပါ ပွဲတိုင်း အနိုင်ရခဲ့သည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ Fairtex အားကစားရုံတွင် အခြေစိုက် လေ့ကျင့်နေသည့် Zamboanga သည် အခင်ဆုံး သူငယ်ချင်း တစ်ဦးဖြစ်သည့် ONE အားကစားနည်း နှစ်ခု ချန်ပီယံ Stamp Fairtex ကို အားကျ အတုယူ နေသူလည်း ဖြစ်သည်။ Zamboanga လေ့ကျင့်ဖော် တစ်ဦးမှာ Radzuan နှင့် ရင်ဆိုင်ခဲ့ဖူးသည့် Jenny Huang ဖြစ်သဖြင့် ၎င်းထံမှ ပြိုင်ဘက်၏ အားနည်းချက်၊ အားသာချက် များစွာကို လေ့လာနိုင် ခဲ့သည်။ ထို့ကြောင့် Zamboanga သည် လာမည့်ပွဲတွင် အိမ်ရှင် ဖိအားကို ကြံ့ကြံ့ခံကာ အကောင်းဆုံး လက်စွမ်းပြ နိုင်ရန် အလားအလာ ရှိသည့် မျက်နှာသစ် ကစားသမား ဖြစ်သည်။

() Dante Schiro

နောက်ထပ် အံ့သြစရာများ ပြုလုပ်နိုင်ချေ ရှိသည့် မျက်နှာသစ် ကစားသမား တစ်ဦးမှာ အမေရိကန်သား Dante Schiro ဖြစ်သည်။ Schiro သည်လည်း Zamboanga ကဲ့သို့ပင် အလားတူ အခြေအနေမျိုး ရင်ဆိုင်ရမည် ဖြစ်ပြီး ၎င်းနှင့် ထိပ်တိုက်တွေ့မည့် ကစားသမားမှာ အိမ်ရှင် မလေးရှား နိုင်ငံ၏ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံ ထားရသည့် Agilan “Alligator” Thani ဖြစ်သည်။ သို့သော် Schiro မှာလည်း ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက် ယှဉ်ပြိုင်သမျှ ပွဲတိုင်း အနိုင် ရရှိထားသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထား သဖြင့် လွယ်လွယ် အနိုင်ယူနိုင်သည့် ကစားသမားမျိုး မဟုတ်ပေ။

အပျော်တမ်း ကစားသမား ဘဝကတည်းက ပွဲဦးထွက် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသည့် Schiro သည် ပွဲဆက်တိုက် အနိုင်ရပြီးနောက် ပရော်ဖက်ရှင်နယ် လောကထဲ ခြေစုံပစ် ဝင်ခဲ့သည်။ ပရော်ဖက်ရှင်နယ် ဖြစ်လာသည့် အခါတွင်လည်း ပွဲဆက် အနိုင်ရခဲ့ပြန် သဖြင့် လက်ရှိတွင် ၁၂ ပွဲ ဆက်တိုက် အနိုင်ရထားသူဟု ဆိုနိုင်သည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် Thani မှာလည်း ONE ဝယ်တာဝိတ်တန်းတွင် နိုင်ပွဲ အများဆုံး ကစားသမား ဖြစ်ကာ အိမ်ကွင်းတွင် ရင်ဆိုင်ခဲ့သမျှ ပြိုင်ဘက်တိုင်းကို အနိုင်ယူ ထားသည်။ ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့သကဲ့သို့ လက်စွမ်း အကောင်းဆုံး ပြိုင်ဘက်နှစ်ဦး တွေ့ဆုံမှုက အကြိတ်အနယ် ရှိမည့် ပွဲတစ်ပွဲ ဖြစ်လာစေမည် ဖြစ်သည်။

() Bokang Masunyane

ONE Championship ပထမဆုံး တောင်အာဖရိက ကစားသမားပင် ဖြစ်လာနိုင်သည့် Bokang “Little Giant” Masunyane သည် ယခုပြိုင်ပွဲတွင် လက်စွမ်း ထက်မြက်သည့် ဂျပန်လူငယ် ကစားသမား Ryuto “Dragon Boy” Sawada နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အပျော်တမ်း ကစားသမား ဘဝ ကတည်းက တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသည့် Masunyane သည် ပရော်ဖက်ရှင်နယ် ကစား သမား ဘဝတွင် ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ တောင်အာဖရိကမှ EFC ပြိုင်ပွဲတွင် ရှုံးပွဲမရှိ လက်စွမ်းပြ နေသည့် Masunyane သည် ဂျပန် Pancrase ပြိုင်ပွဲတွင်လည်း သွားရောက် အစမ်းသပ်ခံ ခဲ့ပြီးသူ ဖြစ်သည်။

အသက် ၂၄ နှစ်သာ ရှိသေးသည့် Masunyane သည် Pancrase ပြိုင်ပွဲတွင် ၎င်းထက် အတွေ့အကြုံ များစွာ ရင့်ကျက်သည့် ပြိုင်ဘက်ကို အနိုင်ယူပြီး သည့်နောက် ONE Championship စိတ်ဝင်စားမှုကို ခံရပြီး ခေါ်ယူစာချုပ် ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ပွဲဦးထွက်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်က ONE Warrior Series တွင် ပွဲဆက် အနိုင်ယူကာ ONE Championship ကစားသမား ဖြစ်လာခဲ့သည့် Sawada ဖြစ်သည်။ ပွဲပေါင်း ၁၇ ပွဲ ကစားထားပြီး ၁၂ ပွဲ အထိ နိုင်ပွဲရထားသည့် Sawada က Masunyane အတွက် ခက်ခဲသည့် စိန်ခေါ်မှု ဖြစ်လာသဖြင့် ၎င်း၏ ရာနှုန်းပြည့် အနိုင်စံချိန်ကို ဆက်ထိန်း နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

() Rayane Bastos

ONE Championship တွင် ယခင်က အမျိုးသမီး အက်တမ် ဝိတ်တန်းနှင့် စတောဝိတ်တန်း တွဲဆိုင်းများသာ အဓိက ကျင်းပခဲ့ သော်လည်း ပြီးခဲ့သည့် Edge of Greatness ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်း ကစားသမား များကို စတင်မိတ်ဆက် ခဲ့သည်။ ယခုပြိုင်ပွဲ တွင်လည်း နောက်ထပ် ဖလိုင်းဝိတ်တန်း တွဲဆိုင်း တစ်တွဲကို ထပ်မံထည့်သွင်း ကျင်းပလာ သဖြင့် နောက်ပိုင်းတွင် ONE အမျိုးသမီး ဖလိုင်းဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ လုရနိုင်သည့် အနေအထားပင် ရှိလာသည်။ ယင်းအနေအထားတွင် မျက်နှာသစ် ဖလိုင်းဝိတ်တန်း ကစားသမား များလည်း ဝင်ရောက် လာရာ ဘရာဇီးသူ Rayane Bastos သည်လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

ကေမာၻဒီးယား/အေမရိကန္သူ Sovannahry "The Sweet Savage" Em နှင့် ရင်ဆိုင်ရမည့် Bastos သည် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ တစ်လျှောက် ရှုံးပွဲလုံးဝ မတွေ့သေးသည့် ကစားသမား ဖြစ်သည်။ ပွဲဦးထွက် ပွဲ ဆက်တိုက် အနိုင်ရခဲ့ကာ နောက်ဆုံး ကစားခဲ့သည့် ပွဲကို သရေ ကျထားသည့် Bastos သည် သူ့လိုပင် ရှုံးပွဲမရှိ ပွဲတိုင်းနိုင် ထားသည့် ပြိုင်ဘက်နှင့် ရင်ဆိုင် ရခြင်း ဖြစ်သဖြင့် ကြည့်ကောင်းမည့် အမျိုးသမီး တွဲဆိုင်း တစ်တွဲ ဖြစ်လာမည် ဖြစ်သည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား ထီရယ်ထန်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာစံတော်ချိန် ၄ ; ၃၀ နာရီ၌ Skynetsport HD, SkynetSport 3 နှင့် MNTV (Free to Air) တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required