ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ဖွန်းမုန်တိုင်း ဝင်ရောက်မူ အရှိန်လျော့သွား၍ ပြိုင်ပွဲများ ပြန်လည်ကျင်းပ

ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ဖွန်းမုန်တိုင်း ဝင်ရောက်မူ အရှိန်လျော့သွား၍ ပြိုင်ပွဲများ ပြန်လည်ကျင်းပ
Photo - AFP

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက်။     ။ ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့သည့်ရက်များကတိုက်ဖွန်းမုန်တိုင်း(ကမ်ပူရီ) ဝင်ရောက်မှုကြောင့်ဆီးဂိမ်းပြိုင်ပွဲတချို့ရပ်ထားရာ ယခုအရှိန်လျော့သွားခြင်းကြောင့်ပြိုင်ပွဲများ ပြန်လည် ကျင်း ပနေ ကြောင်း သိရသည်။

ဒီဇင်ဘာ ၂-၃ ရက်နေ့များက တိုက်ဖွန်းမုန်တိုင်း(ကမ်မူရီ) ဝင်ရောက်မူကြောင့် မိုးပြင်းထန်စွာ ရွာသွန်းပြီး လေ ပြင်းတိုက်ခိုက်ခဲ့မှုတို့ကြောင့် လူသေဆုံးမှုများရှိသကဲ့သို့ မုန်တိုင်းလမ်းကြောင်းဖြင့်နီးသည့် ဆူဘစ်မြို့တွင် ကျင်း ပနေသည့် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်နေသော ပိုက်ကျော်ခြင်းပြိုင်ပွဲ အပါအဝင် ကနူး/ကယက်နှင့် ပီတန်းပြိုင်ပွဲများ ရပ်နားခဲ့ရသည်။

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ (Kammuri)သည် အင်အား အလွန်ပြင်းထန်သော မုတ်သုံမုန်တိုင်းအဖြစ်မှ ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အားလျော့သည့်အတွက် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ဒီဇင်ဘာလ ၄ ရက်တွင် လည်းကောင်း၊  ကနူး/ကယက် ပြိုင်ပွဲများကို ဒီဇင်ဘာလ ၆-၇ ရက်များ၌လည်းကောင်း ပြန်လည် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

ဖိလစ်ပိုင်ဆီးဂိမ်းသို့ သွားရောက်သတင်းရယူနေသည့် ပြည်တွင်းရုပ်သံဂျာနယ်လစ်တစ်ဦးက "ဒီနေ့ မနီလာမှာ က ရာသီဥတု ကောင်းတယ်၊ တနေ့ကုန်နေပူ နေပါတယ်။ မနေ့ကတော့ မိုးနဲ့လေက တော် တော်သည်းတယ်။ ပြိုင်ပွဲတချို့တောင် ရပ်နားမလို ဖြစ်သွားသေးတယ်။ ဆူဘစ်မြို့ဘက်မှတော့ ကစားနည်း တွေ ပြန်စနေပါပြီး၊ စကိတ်ကွင်းက ကွင်းတဝက်လောက် မိုးရေစိုသွားတော့ အခက်တွေနေကြတယ် " ဟု ပြောသည်။

Photo - AFP

လက်ရှိမှာတော့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ၂၀၁၉ ခုနှစ်  ဆီးဂိမ်းပြိုင်ပွဲ၏ သတင်းထုတ်ပြန် ချက်အရ  မြန်မာအားကစားအဖွဲ့သည် ရွှေ ၁ ခု၊ ငွေ ၆ ခု၊ ကြေး ၂၀ စုစုပေါင်း ၂၇ ခုရရှိထားပြီး အဆင့် (၇) နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့သော တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်း တစ်လျှောက် ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်း တောင်ပိုင်းပြည်နယ်များ ၊ နိုင်ငံအလယ်ပိုင်း Samar ပြည်နယ်တို့တွင် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်တွင်း လေကြောင်းခရီးစဉ် ၃၂၉ ခုနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၁၉၂ ခု ဖျက်သိမ်းခဲ့ရပြီး Ninoy Aquino နိုင်ငံတကာလေဆိပ်ကို လေဆိပ်အာဏာပိုင်များက ဒီဇင်ဘာ ၃ ရက်တွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ ည ၁၁ နာရီထိ ၁၂ နာရီကြာ ပိတ်ထားခဲ့‌ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly