တရုတ်၏ ရပ်ဝန်းနှင့် ခါးပတ် လမ်းစီမံကိန်းကြီးပါ နိုင်ငံများမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကူးပြောင်းရေး ဒေါ်လာ တစ်ထရီယံကျော် ကုန်ကျနိုင်

တရုတ်၏ ရပ်ဝန်းနှင့် ခါးပတ် လမ်းစီမံကိန်းကြီးပါ နိုင်ငံများမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကူးပြောင်းရေး ဒေါ်လာ တစ်ထရီယံကျော် ကုန်ကျနိုင်

မက်ဒရစ်၊ ဒီဇင်ဘာ ၄ ။          ။ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ခါးပတ် လမ်းစီမံကိန်းကြီးပါ နိုင်ငံများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းရေးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ တစ်ထရီယံ ကုန်ကျမည်ဖြစ်ကြောင်း မက်ဒရစ်တွင် ဒီဇင်ဘာ ၃ ရက်က ကျင်းပသည့် ၂၀၁၉ ရာသီဥတုထိပ်သီးညီလာခံတွင် တင်ပြသည့် အချက်အလက်များအရ သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေးတွင် ဦးဆောင်နေရာမှ ရပ်တည်လိုသည့် တရုတ်နိုင်ငံက ၎င်း၏ ရပ်ဝန်းနှင့် ခါးပတ် လမ်းမကြီး BRI စီမံကိန်းပါ နိုင်ငံပေါင်း ၇၁ နိုင်ငံအတွင်း စွမ်းအင်အသွင်ကူးပြောင်းရေးအတွက် အဓိကထားလျက်ရှိကြောင်း ဖော်ပြထားသည်။

ပေကျင်းနှင့် အနီးနားတွင် ရှိသော တရုတ် ကူဘူကျူကန္တရတွင် ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးနှင့် မြေယာပြန်လည်ထိန်းသိမ်းရေးတို့ကို ဆိုလာစွမ်းအင် ထုတ်လုပ်ခြင်း၊ သဘာဝဟင်းသီးဟင်းရွက်များနှင့် သစ်ပင်များ စိုက်ပျိုးကာ ကာဗွန်ဖမ်းစုပ်ထိန်းသိမ်းခြင်းများဖြင့် ကိုင်တွယ်ဖြေရှင်းသွားရန် တရုတ်နိုင်ငံက စီစဉ်လျက် ရှိသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး မြှင့်တင်ရန် တရုတ်အစိုးရ ကျောထောက်နောက်ခံပြုသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်သော ACEF က လိုက်နာရမည့် မူဝါဒများနှင့် နိုင်ငံတကာစီမံကိန်းများကို ပံ့ပိုးကူညီလျက် ရှိသည်။

“တရုတ်အစိုးရဟာ ရာသီဥတုပြောင်းလဲရေးကို များစွာ ရင်ဆိုင်ဖြေရှင်းနေတယ်။ နိုင်ငံတစ်ဝန်း တည်မြဲစွမ်းအင် ရရှိရေးကို အားပေးမြှင့်တင်နေပါတယ်။ စိမ်းလန်းစွမ်းအင် ထုတ်လုပ်ရေးဆီ ပိုမိုအသွင်ကူးပြောင်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်။”ဟု ACEF မှ လက်ထောက်ညွှန်ကြားရေးမှူး နီယောင်က ပြောခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly