ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင်

ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ရေမြွှာပြဿနာ

ကိုယ်ဝန်ဆောင်ချိန်မှာကြုံရနိုင်တဲ့ရေမြွှာပြဿနာတွေက

  •     ရေမြွှာရည်များလွန်းခြင်း
  •     ရေမြွှာရည်နည်းလွန်းခြင်း
  •     ရေမြွှာရည်ပိုးဝင်ကူးစက်ခြင်း စတဲ့ပြဿနာတွေပါ။

ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ……

ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။

  •     ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ်
  •     ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ်
  •     ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်
  •     အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။

ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ

ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။

ရေများများသောက်ပါ – ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။

အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ – အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။

ကဖင်းရှောင်ပါ – ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။

ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ – ဂျင်ဆင်းလက်ဖက်ရည်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ -ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးတာက ခန္ဓါကိုယ်ကအစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်သလို အချင်းနဲ့ သားအိမ်ဆီကိုသွေးရောက်ရှိမှုတိုးစေပြီးရေမြွှာရည်ကိုတိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လမ်းလျှောက်ပေးတာမျိုး ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးပါ။
ဘာတွေစားရမလဲ….

ရေမြွှာရည်နည်းတဲ့မေမေတို့အနေနဲ့ရေမြွှာရည်တိုးစေဖို့ဆိုရင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required