အိန္ဒိယကမ်းခြေတစ်ခုတွင် ညစ်ညမ်းစွန့်ပစ်ပစ္စည်းများကြောင့် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေ

အိန္ဒိယကမ်းခြေတစ်ခုတွင် ညစ်ညမ်းစွန့်ပစ်ပစ္စည်းများကြောင့် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေ

ဒီဇင်ဘာ ၂။             ။ ပင်လယ်ရေထဲတွင် ရောနှောပါဝင်နေသည့် ညစ်ညမ်းပစ္စည်း (pollutants) များကြောင့် အိန္ဒိယကမ်းခြေတစ်ခုတွင် အဖြူရောင်အမြှုပ်များ ဖွေးဖွေးလှုပ်ကာ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရသည်။

ချန်နိုင်းမြို့ မာရီနာကမ်းခြေတွင် ဖြစ်ပေါ်နေသော အဆိုပါ အဖြူရောင်အမြှုပ်များကြောင့် ယင်းကမ်းခြေသည် ကလေးကစားကွင်းတစ်ခုသဖွယ် ဖြစ်ပေါ်နေလျက် ရှိသည်။

ယင်းအတွက် ဆယ်ကျော်သက်များနှင့် ကလေးငယ်တစ်ချို့သည်လည်း ယင်းနေရာတွင် တပျော်တပါး လာရောက်ကစားနေကြသည်ဟုလည်း သိရသည်။

ယခုကဲ့သို့ အမြုပ်များ ဖြစ်ပေါ်နေရသည့်အကြောင်းရင်းမှာ မိလ္လာအညစ်အကြေးများ၊ စက်ရုံများကနေ စွန့်ထုတ်လိုက်သည့် ညစ်ညမ်းပစ္စည်းများသည် ပင်လယ်ရေအတွင်း ရောစပ်သွားပြီးနောက် ယင်းတို့သည် လှိုင်းလုံးများကနေ တဆင့် ကမ်းခြေသို့ ရောက်ရှိလာခဲ့ရာကနေ ယခုကဲ့သို့အမြှုပ်များ ဖြစ်ပေါ်လာရသည်ဟု ယုံကြည်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required