ဘရာဇီးတွင် ပါတီကျင်းပနေသည့်လူအုပ်အတွင်း သံသယရှိသူကို လိုက်ဖမ်းရာမှ လူတက်နင်းမှုဖြစ်ကာ ၉ ဦးသေဆုံး

ဘရာဇီးတွင် ပါတီကျင်းပနေသည့်လူအုပ်အတွင်း သံသယရှိသူကို လိုက်ဖမ်းရာမှ လူတက်နင်းမှုဖြစ်ကာ ၉ ဦးသေဆုံး

ဆောပိုလို၊ ဒီဇင်ဘာ ၂။       ။ ဘရားဇီးနိုင်ငံ ဆောပိုလိုတွင် ဒီဇင်ဘာ ၁ ရက် မနက်အစောပိုင်းက ပစ်ခတ်မှုကျူးလွန်ခဲ့သူ ၂ ဦးအား ရဲများက ပါတီကျင်းပနေသည့်လူအုပ်အတွင်း လိုက်လံဖမ်းဆီးစဉ် လူတက်နင်းမှုဖြစ်ပွားပြီး အနည်းဆုံး ၉ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။  

သေဆုံးသူများထဲတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ၁၄ နှစ်အရွယ်ယောက်ျားလေးတစ်ဦး ပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒု-ရဲမှူးကြီး Emerson Massera က ပြောသည်။

ဆောပိုလိုအနီးရှီ ပါရိုင်စိုပိုလစ်အရပ်တွင် ရဲများကို သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွားသည့် ဆိုင်ကယ်သမား နှစ်ဦးကို တပ်ထိန်းရဲ ၃၈ ယောက်က လိုက်ဖမ်းစဉ် အဆိုပါသံသယရှိသူနှစ်ဦးသည် ပါတီကျင်းပနေသော ကနေ သည့် လူအုပ်အတွင်း ပြေးဝင်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လူတက်နင်းမှုဖြစ်ကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်။

ရဲများက လမ်းကိုပိတ်ကာ ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများဖြင့် ဝင်စီးခဲ့သောကြောင့် အခြေအနေ ဝရုန်းသုန်းကားဖြစ်ခဲ့သည်။

ဆောပိုလိုနှင့် ရီယိုဒီဂျနေရိုးရှိ ဆင်းရဲသားရပ်ကွက်များတွင် ပိတ်ရက်များ၌ လူ ၅၀၀၀  ခန့်စုဝေးကာ လမ်းမပေါ် အကပါတီပွဲများ ကျင်းပလေ့ရှိသည်။

ဒေသခံများသည် ရဲများ၏ အကြမ်းဖက်စီးနင်းမှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သံသယရှိသူ နှစ်ဦးကိုမူ ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly