ဒီဇင်ဘာလ ၁။ ။ ကျားဖောင် ရေလုပ်ငန်းတွင် လူသတ်မူ၊ ပျောက်ဆုံးမှု ၊ ရေထဲခုန်ချမှု အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ကျော်ခန့် ရှိနေသည်ဟု ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံက သိရသည်။
“ ဒီနှစ်အတွက် သေဆုံးသူ က စာရင်းမချုပ်ရသေးဘူး။ သေဆုံး ၊ ပျောက်ဆုံး၊ ပျက်စီး ၊ ရေထဲခုန်ချ တွေကို သတင်းပို့ထားတာက ၁၀၀ ကျော်လောက်ရှိပြီး၊ တစ်ချို့က ရေထဲခုန်ချတဲ့သူ ၊ ပြုတ်ကြတဲ့သူ တွေကိုတော့ အလုပ်ရှင် အလုပ်သမား ဥပဒေအရ ဒေသန္တရ အခေါ်အရ နစ်နာကြေး ခြောက်သိန်းကို ရက်မဆိုင်းပဲ တိတိကျကျ ရောက်အောင် ဆောင်ရွက်ပေးပါတယ် “ ဟု အုပ်ချုပ်ရေးမှူး ဦးရွှေပေါ က မီဒီယာများကိုပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တက္ကသိုလ်ကျောင်းသားတစ်ဦး လူကုန်ကူးခံရပြီး ဒေါ်ညိမ်းကျေးရွာအုပ်စုရှိ ကျားဖောင် တွင် အတင်းဓမ္မအလုပ်စေခိုင်းခြင်း နှင့်ပတ်သက်ပြီး သတင်းရေးသား ဖော်ပြမှုများနှင့် ပတ်သက်ပြီး ဖျာပုံမြို့နယ်အတွင်းရှိ ရေလုပ်ငန်းရှင်များ ၊ မြို့နယ်ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်း က သတင်းမီဒီယာများကို ကို နိုဝင်ဘာလ ၃၀ ရက်နေ့ က ဖျာပုံမြို့နယ် အောင်နိုင်သူ ဟိုတယ် တွင် သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုတွင် ရွာကြီး ခုနှစ် ရွာ နှင့် ရွာလေး ခုနှစ် ရွာ ရှိကာ အိမ်ခြေ ၆၅၀၀ ခန့် ရှိပြီး လူဦးရေ သုံးသောင်းခွဲခန့် ရှိကြောင်းသိရသည်။ ယင်းကျေးရွာအုပ်စုတွင် အများစုမှာ ရေလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံအနံမှ ကျားဖောင်လုပ်ငန်းတွင် လာရောက်လုပ်ကိုင်နေကြသည်။
ပေတစ်ရာ ပတ်လည် ရှိသည့် ကျားဖောင်ပေါ်တွင် အချိန် သုံးလဝန်းကျင် နီးပါးခန့် အချိန်ကြာမြင့်သည့် ပင်လယ်ပြင်ငါးဖမ်းခြင်း လုပ်ငန်း အတွက် လစာနည်းပါးမူ နှင့်အသက်အန္တရယ် စိုးရိမ်ရမူတို့ ကြောင့် ဝင်ရောက် လုပ်ကိုင်လိုသည့် အလုပ်သမားရှားပါးမူ ဒဏ်ကို ဒေသခံလုပ်ငန်းရှင်များထံ သက်ရောက်မူရှိနေပြီး လူကုန်ကူးသည့် ပွဲစားများ မှ လုပ်သားများကို လာရောက်ရောင်းချ ခြင်း နှင့် မူခင်းရာဇဝတ်မူ ကျူးလွန် လာသူများက ဝင်ရောက်လုပ်ကိုင်ခြင်းမျိုးတို့ကြောင့် နှစ်စဉ် လူဦးရေ တစ်ရာကျော်ခန့် သေဆုံး ပျောက်ဆုံးနေသည်ဟု သိရသည်။
ယမန်နှစ်က ဒေါ်ညိမ်းကျေးရွာအုပ်စု တွင် သေဆုံးသူ ၃၇ ဦး အပါအဝင် လူသတ်မူ ၊ရေထဲခုန်ချမှုနှင့် ပျောက်ဆုံးမှု စုစုပေါင်း ၂၀၁ ဦး ရှိခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/