ထီစျေးနှုန်းမြင့်တက်မှု ကာကွယ်ပေးနိုင်မည့် အောင်ဘာလေထီဥပဒေကို နောက်အစိုးရလက်ထက်မှသာ ပြဋ္ဌာန်းနိုင်မည်

ထီစျေးနှုန်းမြင့်တက်မှု ကာကွယ်ပေးနိုင်မည့် အောင်ဘာလေထီဥပဒေကို နောက်အစိုးရလက်ထက်မှသာ ပြဋ္ဌာန်းနိုင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁။      ။ ထီလက်မှတ် စျေးနှုန်းမြှင့်တင်ရောင်းချမှုကို ထိရောက်စွာအရေးယူနိုင်ရေးအတွက် နောက်အစိုးရလက်ထက်မှသာ အောင်ဘာလေထီဥပဒေ ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦး စီး ဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင် ထံမှ သိရသည်။

လက်ရှိတွင် ထီလက်မှတ်များကို စျေးတင်ရောင်းချနေမှုများ ထိန်းချုပ်နိုင်ရေးအတွက် အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ထီလုပ်ငန်းရှင်များ  စျေးနှုန်းမြှင့်တင်ရောင်းချမှု မပြုလုပ်ကြရန် ခေါ်ယူသတိပေးထားကြောင်း သိရသည်။
အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ထီလက်မှတ်စျေးနှုန်းများအား သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချမှုကို ထိရောက်စွာထိန်းချုပ်ကန့်သတ်နိုင်ရေးအတွက်  ထီကိုယ်စားလှယ်များနှင့်  အောင်ဘာလေသိန်း ဆုဌာ နခွဲအကြား နှစ်ဦး နှစ်ဖက် သဘောတူ ကတိစာချုပ်အရသာ ရောင်းချနေပြီး စည်းကမ်းဖောက်ဖျက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်ဆိုင်းခြင်းနှင့်  ထီလက်မှတ်ဝယ်ယူရန် အာမခံစပေါ်ငွေများ သိမ်းယူခြင်းစသည့် အချက်များ ကိုထည့်သွင်းချုပ်ဆိုထားသည်။

 

“ထုတ်ပိုးစရိတ်ကြောင့် စျေးကြီးတယ် တခြားစရိတ်တွေကြောင့် စျေးကြီတယ် ဆိုပြီး မကိုက်လို့ထီလက်မှတ်စျေးနှုန်း စျေးတင်ရောင်းချတာက မလုပ်သင့်ဘူးလို့ထင်တယ် အောင်ဘာလေ သိန်းဆုဌာနခွဲရော ပြည်တွင်းအခွန် များဦးစီးဌာန အနေနဲ့ရော လက်ရှိ ထီစျေးနှုန်းကြီးမြင့်မှုတွေကို စစ်ဆေးမယ် အရေးယူမယ် ဒါတွေကတော့ သွားနေမှာပါ။ အကြိမ်ကြိမ် အခါခါ အရေးယူ နေရမယ် ဆိုရင်တော့ မကောင်းပါဘူး။ လက်ရှိအနေအထားမှာ ဥပဒေအရ အရေးယူလို့မရသေးပါဘူး။ ဥပဒေ ကတော့  လက်ရှိအနေအထားမှာ ပြင်ဆင်ဆောင်ရွက်ဆဲ ဖြစ်ပါတယ” ဟု  ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင် မှ ပြောကြားသည်။

၁၀ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမတိုင်မီ စျေးကွက်အတွင်း ထီလက်မှတ်စျေးနှုန်း တိုးမြှင့်ရောင်းချခဲ့မှုအပေါ် အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေးနှင့်  စစ်ကိုင်းတို့တွင်  စစ်ဆေးခဲ့ပြီး ထီစာအုပ်ပေါင်း သုံးသောင်းကျော် နှင့်  အာမခံငွေ ကျပ်သိန်း ၁၈၀ ကို သိမ်းဆည်းအရေးယူထားသည်ဟု သိရသည်။
 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထီလုပ်ငန်းရှင် ငါး ထောင်ကျော် ရှိပြီး အဆိုပါ လုပ်ရှင်များမှ တစ်ဆင့် ထီကိုယ်စားလှယ်များထံ အဆင့်ဆင့် ရောင်းချနေမှုကြောင့် ထီစျေးနှုန်း မြင့်တက် နေရသည်ဟု သိရသည်။
 

“ထီစျေးနှုန်းက ဒီလမှာ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ဒီလိုမြင့်တက်တဲ့အတွက် ထိုးတဲ့သူတွေ အနေနဲ့ ထီထိုးတဲ့ ပမာဏကျသွားပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲ အနေနဲ့လည်း ပင်ရင်းထီဆိုင်တွေ သတ်မှတ်စျေး ထက်ပိုရောင်းတာတွေကို ထီစာအုပ်ဖြတ်တာနဲ့ အာမခံစပေါ်ငွေများ သိမ်းယူတာ စတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်နေပါတယ်။ ထီစျေးနှုန်းတွေကိုလည်း မြင့်မားစွာ မရောင်းဖို့ အမြဲခေါ်ယူသတိပေးဆုံးမတဲ့ ကိစ္စတွေ ရှိပါတယ်” ဟု  ထီလုပ်ငန်းရှင် ဦးသီဟဝင်းမော် က ပြောသည်။

ယခု ၁၀ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင်  ထီလက်မှတ် အက္ခရာ ၃၆ လုံးရောင်းချခဲ့ ပြီး ထီဆုငွေအဖြစ် ကျပ်သန်း ၁၇၆၇၂,၆၈၈  ကျပ် ချီးမြှင့်ခဲ့ကာ ကျပ်သိန်းတစ်သောင်းခွဲဆုကို ထီအက္ခရာနံပါတ် သ ၅၇၉၀၈၃ မှ ဆွတ်ခူးခဲ့သည်။ လာမည့် ၁၁ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင်  ထီအက္ခရာ အလုံးရေ ၃၈ လုံးအထိရောင်းချပေးသွားမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly