တာမွေဈေးသစ်တည်ဆောက်မှု ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းသာ ကိုင်တွယ်သွားမည်ဟု ဝန်ကြီးချုပ်ဆို

တာမွေဈေးသစ်တည်ဆောက်မှု ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းသာ ကိုင်တွယ်သွားမည်ဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၃၀။         ။  တာမွေစျေးသစ်တည်ဆောက်မှုကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းသာ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားလိုက်သည်။

အဆိုပါ တာမွေစျေးသစ်တည်ဆောက်မှုအတွက် နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် စျေးသူစျေးသားများ တွေ့ဆုံပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခုကျွန်တော်ဒီကို ဘာကြောင့်လာရသလဲ။ တအားမလွှဲသာလို့ ။ဒါက ရှင်းရှင်းပြောတာ။အလုံစျေးသစ်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်ကို လာမေးကြတယ်။ဒါနဲ့ပတ်သက်ပြီး စျေး စည်းမျဉ်း စည်းကမ်း တွေ ရှိတယ်။ဒီလုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ လုပ်ရမယ်။ကျွန်တော်တို့ နိုင်ငံထူထောင်ရာမှာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီပဲ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်ရှိ ယာယီ တာမွေစျေးအား ကျပ် ၁၆ ဘီလီယံ ခန့် ကုန်ကျခံကာ တာမွေစျေးသစ်အား တည်ဆောက်မည်ဖြစ်ပြီး ယာဉ်အစီးရေ ၂၀၀ ကျော် ရပ်နားနိုင်မည့် မြေအောက်ထပ်ကားပါကင် တစ်ခု နှင့်  ကစားကွင်း ၊ မြို့နယ်ခန်းမ၊ စာကြည့်တိုက်များဖြင့် ၅ ထပ်စျေး အဖြစ် တည်ဆောက်မည်ဖြစ်သည်။

“စျေးများဌာနက ဌာနမှူးကိုယ်တိုင်ခေါ်မယ်။ ကျွန်တော်တို့နဲ့ စျေးသူစျေးသားတွေနဲ့ဒါတွေကတော့ ရနိုင်မယ်။ ဒါတွေကတော့ မရနိုင်ဘူး ညှိနှိုင်းမယ်။ဒါတွေကတော့ အလျော့ပေးနိုင်တယ်။ဒါတွေကတော့ အလျော့မပေး နိုင်ဘူး။ညှိလို့ မရခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့က လွှတ်တော်တင်ပြီးအစကနေပြန်လုပ်ေပးစေချင်တယ်။ ဝန်ကြီးချုပ်နဲ့တွေ့ပြီးဒီဟာကို ဝန်ကြီးချုပ်က အတင်းဆက်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဥပဒေဘောင် အတွင်းကနေ ရှေ့နေငှားပြီး သမ္မတဆီအထိ ဆက်တင်ဖို့ စျေးသူစျေးသားတွေ ညှိနှိုင်းထားတာတွေရှိတယ်”ဟု တာမွေယာယီစျေးမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်ေသာကိုဇော်ဝင်းထွန်းက ပြောသည်။

အဆိုပါ စျေးတည်ဆောက်မှုအတွက် စျေးသူစျေးသားများက မြေအောက်ခန်းပါဝင်နေမှုအပေါ် လုံးဝသဘော မတူကြောင်း ဆိုင်ခန်းပတ်လမ်းအကျယ်များကို (၈)ပေထားရှိပေးရန် အပါအဝင်အချက်(၈)ချက်ကို တောင်းဆိုထားပြီး ယခု တွေ့ဆုံမှုအပြီး တွင် စျေးများဌာန နှင့် စျေးသူစျေးသားများ တောင်းဆိုချက်များ အပေါ် ဆက်လက် တွေ့ဆုံညှိနှိုင်းသွားမှာဖြစ်ကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းမှုများ မအောင်မြင်ပါက စျေးသူစျေးသားများ အနေနဲ့ နိုင်ငံတော် သမ္မတထံသို့ ဆက်လက် တင်ပြသွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ယာယီ တာမွေစျေးကို ၁၉၉၄ ခုနှစ် တွင် စျေးရုံ ၁၈ ရုံဖြင့် ၆ဒဿမ ၅၆၃ ဧကရှိသော မြေပေါ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly