ဂျာမနီပြတိုက်တစ်ခုမှ ၄၉ ကရက်ရှိ စိန်ပွင့်ကြီး အပါအဝင် တန်ဖိုးကြီး ရတနာပစ္စည်းများ ခိုးယူခံရ

ဂျာမနီပြတိုက်တစ်ခုမှ ၄၉ ကရက်ရှိ စိန်ပွင့်ကြီး အပါအဝင် တန်ဖိုးကြီး ရတနာပစ္စည်းများ ခိုးယူခံရ

နိုဝင်ဘာ ၂၈။    ။ ဂျာမနီနိုင်ငံ ပြတိုက်တစ်ခုတွင် ထားရှိသည့် အလေးချိန် ၄၉ ကရက်ရှိ စိန်ပွင့်ကြီးတစ်ပွင့်အပါအဝင် ဒါဇင်နှင့်ချီသော အခြားတန်ဖိုးကြီးပစ္စည်းများ ခိုးယူခံရပြီး ပျောက်ဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ခိုးယူခံရသည့် အဖြူရောင် စိန်ပွင့်ကြီးသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂ သန်းခန့် တန်ကြောင်း သိရသည်။

Dresden မြို့ တော်ဝင်နန်းတော်ရှိ Green Vault ပြတိုက်တွင် နိုဝင်ဘာ ၂၅ ရက်နေ့က အဆိုပါ ပစ္စည်းများ ခိုးယူခံရခြင်းဖြစ်သည်။

ခိုးယူခံရသော ပစ္စည်းများထဲမှာ အရိုးတွင် စိန်ပွင့်အကြီး ကိုးပွင့်၊ စိန်ပွင့်အသေးပေါင်း ၇၇၀ ခန့် မြုှပ်ထားသည့် ဓားမြှောင်တစ်လက် နှင့် ၄၉ ကရက် စိန်ပွင့်ကြီး ထည့်သွင်းထားသော ရတနာပစ္စည်းတို့လည်း ပါဝင်သွားခဲ့သည်ဟု သိရသည်။

ယခုအခါ အဆိုပါ ပစ္စည်းများ ခိုးယူခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ဂျာမနီရဲတပ်ဖွဲ့က ရှာဖွေလျက် ရှိကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required