မြေယာစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် လက်ရှိအမျိုးသားမြေအသုံးချမှု မူဝါဒကိုအခြေခံရေးဆွဲသင့်ဟုဆို
****************************
အစိုးရအနေနဲ့ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတွေကိုပြင်ဆင်ရေးဆွဲရာတွင် အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် သွေဖီဆန်ကျင့်နေသောကြောင့် လက်ရှိအမျိုးသားမြေအသုံးချမှု မူဝါဒကိုသာအခြေခံရေးဆွဲဖို့ မြေယာအရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ ၊ မြန်မာဂျာနယ်လစ်ကွန်ရက်မှာ ပြုလုပ်တဲ့ အမျိုးသားမြေအသုံးချမှု ဥပဒေနဲ့ပတ်သက်ပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း သတင်းစာရှင်းလင်းပွဲမှာ အခုလို့ပြောဆိုတာ ဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ် - နန့်ခိုင်